ပါဝင်ဆင်နွှဲ ကမ္ဘာ့ကုန်စည်ပြပွဲ - expo 2020 Dubai

Type

ဒေါက်တာသက်လွင်ဦး
(Myantrade)

==========

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာ့နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀၀ ကျော်နှင့်အတူ အောက်တိုဘာ ၁ ရက်မှစတင်၍ ၆ လကြာကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲ (Expo 2020 Dubai) ကို ပါဝင်ဆင်နွှဲ သွားမှာဖြစ်ပါတယ်။

 

ကမ္ဘာ့ကုန်စည်ပြပွဲသမိုင်း


ကမ္ဘာ့ကုန်စည်ပြပွဲများကို ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းဆက်နွှယ်မှုနှင့် ခေတ်အလိုက် ဖွံ့ဖြိုး တိုးတက်မှု၏ အမှတ်လက္ခဏာအဖြစ်ကျင်းပရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ဗျူရို (Bureau of International Exposition - BIE) ကို ၁၉၂၈ ခုနှစ်တွင်  စတင်ဖွဲ့စည်းခဲ့ပြီး    လုပ်ငန်း ဆောင်ရွက်မှုများအား ၁၉၃၁ ခုနှစ်တွင် စတင်ခဲ့ပါ တယ်။ ပထမအကြိမ် ကမ္ဘာ့ကုန်စည်ပြပွဲကို အင်္ဂလန် နိုင်ငံ လန်ဒန်မြို့၌ ၁၉၅၁ ခုနှစ်တွင် ကျင်းပခဲ့ပြီး ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့ရာ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများတွင်  အကြိမ် ၅၀ ကျင်းပခဲ့ပြီးဖြစ်ပါ တယ်။


မြန်မာနိုင်ငံမှ ပါဝင်ပြသ


မြန်မာနိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် ကနေဒါ နိုင်ငံ၌ ကျင်းပသော Montreal World's Fair Expo 67 သို့ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်ပြခန်းဆောင်ကြီး တစ်ဆောင် ကို တည်ဆောက်ကာ မြန်မာတို့၏ ယဉ်ကျေးမှု၊ အနုပညာလက်ရာများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မိတ်ဆက်ပြသခဲ့ပါတယ်။ Montreal World's Fair Expo 67 ဖွင့်ပွဲ အခမ်းအနားနဲ့ ပြပွဲကာလအတွင်း ကျင်းပတဲ့ မြန်မာ(ဗမာ)နေ့ Myanmar(Burma) Day အခမ်းအနားများသို့ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်တင်ဖေက     မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ပါတယ်။   EXPO 67 သို့ ကမ္ဘာအနှံ့မှ လူဦးရေသန်း ၅ဝ ကျော် တက်ရောက်ခဲ့ ကြောင်း မှတ်တမ်းများအရ သိရပါတယ်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ကုန်စည်ပြပွဲများကို ၂၀၁၀ ပြည့်နှစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော Shanghai Expo 2010 နှင့် ၂၀၁၅ ခုနှစ် အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသော Milan Expo 2015 တို့သို့ Focal Ministry အဖြစ်  တာဝန်ယူ၍ ပါဝင် တက်ရောက်ခဲ့ပါတယ်။ 


ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၂၀ (Expo 2020 Dubai)


ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၂၀ ကို အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ(UAE)၌ Expo 2020 Dubai အမည်ဖြင့်    ဒူဘိုင်းမြို့တွင်   ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက် အထိ ၆ လကြာ ကျင်းပရန်  စီစဉ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ပြပွဲကျင်းပမည့် အချိန်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ပြောင်းလဲ ကျင်းပသွားမှာဖြစ်ပါတယ်။ Expo 2020 Dubai ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဒူဘိုင်းကုန်စည် ပြပွဲကျင်းပရေးကော်မတီမှ   ဖိတ်ကြားလာသည့် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က မြန်မာနိုင်ငံကို  ကိုယ်စားပြု၍  ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ 


Expo  2020  Dubai    ရဲ့   Theme က “Connecting Minds, Creating Future” ဖြစ်ပြီး Sub-theme များက Opportunity, Mobility, Sustainability တို့ဖြစ်ပါတယ်။ အဆိုပါ Sub-themes (၃) ခုအနက်     မြန်မာနိုင်ငံအနေနဲ့ Opportunity  Theme  အောက်တွင်  ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။ 
Expo 2020 Dubai တွင် မြန်မာနိုင်ငံက ပါဝင် ပြသခြင်းဖြင့်   နိုင်ငံ၏  စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်နိုင်မှု   အခွင့်အလမ်းများနှင့်   ဖွံ့ဖြိုး တိုးတက်မှုများကို မိတ်ဆက်ပြသနိုင်ရန်နှင့် မြန်မာ့ ထုတ်ကုန်များကို   အရှေ့အလယ်ပိုင်းဈေးကွက် သာမက ကမ္ဘာ့ဈေးကွက်အထိ တိုးမြှင့်မိတ်ဆက်နိုင် ရန် ရည်ရွယ်ပါတယ်။


မြန်မာပြခန်းဆောင်


မြန်မာပြခန်းဆောင်ကို  Expo 2020 Dubai ၏ Opportunity Theme ရှိ အကွက်အမှတ် OA 16-A တွင် ပါဝင်ပြသမှာ ဖြစ်ပါတယ်။ မြန်မာပြခန်း ဆောင်က Assisted Pavilion တစ်ခုဖြစ်ပြီး စကွဲမီတာ ၂၀၀ ကျယ်ဝန်းပါတယ်။ မြန်မာပြခန်းဆောင်ကို People of  Myanmar,  Traditional  Arts, Spirituality and Special Exhibits & Retail Area အဖြစ် ဧရိယာများပိုင်းခြား ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။  ပြခန်းဆောင်ဒီဇိုင်းကို    ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသူ မကေသွယ်ဖြိုးကရေးဆွဲခဲ့ပြီး  ပြခန်းဆောင်တွင် ယဉ်ကျေးမှုအနုပညာပစ္စည်းများ၊   အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာအချက်အလက်များ၊   ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဓာတ်ပုံမှတ်တမ်းများ၊ အသင်း အဖွဲ့နှင့် ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းနမူနာများ လက်ကမ်းစာစောင်များကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲကာလအတွင်း မြန်မာပြခန်းသို့ လာရောက်လည်ပတ်သူများအား မြန်မာမှုပစ္စည်း များနှင့် Post Card များ အမှတ်တရလက်ဆောင်ပေး ခြင်းနှင့် မြန်မာ့စားသောက်ကုန်များဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 


Myanmar Day အခမ်းအနားနှင့် 

Activity များကျင်းပခြင်း
ပြပွဲကာလအတွင်း  နိုင်ငံတကာအဖွဲ့အစည်း များ၏ International Day များ၊   နိုင်ငံများ၏ National Day များကို  အသီးသီးကျင်းပကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြန်မာနေ့ (Myanmar Day) အခမ်းအနားနှင့် ဧည့်ခံပွဲ (Reception) ကို Expo Park ရှိ  Jubilee Stage တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျင်းပရန် အတည်ပြုချက် ရရှိထားပြီး     မြန်မာနေ့အခမ်းအနားသို့  အစိုးရ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်း ရှင်ကြီးများ၊ ဖျော်ဖြေတင်ဆက်မည့်  အနုပညာရှင် များနှင့်  သတင်းမီဒီယာများ    

b စာမျက်နှာ ၆ မှ


ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မြန်မာ့ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို Expo Park ရှိ  Terra  Auditorium တွင်   ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြပွဲကာလအတွင်း အခြား Activity များဖြစ်သည့်   တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မြန်မာ့ရုပ်သေးဖျော်ဖြေပွဲ၊ မြန်မာ့စောင်းဖျော်ဖြေပွဲ နှင့် မြန်မာ့ရိုးရာ performances များကို ထည့်သွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 


အကျိုးကျေးဇူးများ


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်စည်ပြပွဲ Expo 2020 Dubai တွင် ပါဝင်ပြသခြင်းဖြင့် ရရှိမည့်အကျိုး ကျေးဇူးများက တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ ဈေးကွက်သာမက  အရှေ့အလယ်ပိုင်း   ဈေးကွက် အထိ မြန်မာ့ထုတ်ကုန်များကို ဈေးကွက်အသစ်များ ရှာဖွေချဲ့ထွင်နိုင်မည့်   အခွင့်အလမ်းများရရှိခြင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်ခုဖြစ် သည်နှင့်အညီ  အရှေ့အလယ်ပိုင်းဒေသမှ   လိုအပ် လျက်ရှိသော လယ်ယာထွက်ကုန်များ (ဆန်၊ ပဲ၊ သစ်သီးဝလံ) နှင့် ရေထွက်ပစ္စည်းများဖြစ်သည့် (ငါး၊ ပုစွန်၊ အခြားရေထွက်ကုန်) များအတွက် ဈေးကွက် သစ်များ အခွင့်အလမ်းများ   ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာနိုင်ငံ၏           ယဉ်ကျေးမှုအနုပညာနှင့် ခရီးသွားလုပ်ငန်းများကို  မြှင့်တင်ဆောင်ရွက်နိုင် ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အသိုက်အဝန်း အတွင်းတည်ရှိမှုနှင့်    ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်ခြင်းနှင့်  မြန်မာကုန်သည်လုပ်ငန်းရှင်များ အတွက် ဈေးကွက်အသစ်များနှင့် အခွင့်အလမ်းသစ် များရရှိနိုင်ခြင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း ရှင်များနှင့်  ထိတွေ့ဆက်သွယ်မှုများ  ရရှိနိုင်ခြင်း စသည့်     အကျိုးကျေးဇူးများကို    ရရှိမှာဖြစ်ပါ တယ်။ 


မြန်မာနိုင်ငံအနေဖြင့် Expo 2020 Dubai တွင် ပါဝင်ခွင့်ရရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ကို   နိုင်ငံတကာသို့   မိတ်ဆက်မြှင့်တင်နိုင်သလို ကမ္ဘာ့နိုင်ငံများအကြား  မြန်မာနိုင်ငံ၏    ဖွံ့ဖြိုး တိုးတက်မှုပုံရိပ်ကို   ဖော်ပြနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။       ။