ပယ်နယ်တီအဆုံးအဖြတ်ဖြင့်  ပြင်သစ်ကို  အနိုင်ယူပြီး ဆွစ်ဇာလန်အသင်း  ကွာတားဖိုင်နယ်  တက်ရောက်နိုင်ခဲ့

 

 

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ၁၆  သင်းအဆင့် ပွဲစဉ်အဖြစ် နာမည်ကြီး ပြင်သစ်အသင်းနှင့် ဆွစ်ဇာလန် အသင်းတို့ပွဲစဉ်ကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ သာမန်ပွဲ ကစားချိန်အတွင်း တစ်ဖက် သုံးဂိုးစီ သရေကျ နေ၍ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ပယ်နယ်တီတွင်   ဆွစ်ဇာလန်အသင်းက ငါးဂိုး-လေးဂိုးဖြင့်  အနိုင်ရရှိကာ  ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 
ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်သည် ပြီးခဲ့ သည့် ပေါ်တူဂီအသင်းနှင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို သုံးဦး အပြောင်းအလဲပြုလုပ်ပြီး ဆွစ်ဇာလန် အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဆွစ်ဇာလန် အသင်းက ပြီးခဲ့သည့် တူရကီအသင်းနှင့်ပွဲစဉ် တွင် အနိုင်ရရှိသည့်  ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်ခြင်းမရှိဘဲ ပြင်သစ် အသင်းကို ရင်ဆိုင်လာခဲ့သည်။ နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက်   နှစ်သင်းစလုံး အကောင်းဆုံးကစားသမားစာရင်းကို အသုံးပြု ကာ             
ပွဲထွက်လာသည့် အတွက် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ 
ဦးဆောင်ဂိုးကို     ဆွစ်ဇာလန်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၅ မိနစ်တွင် ဆီဖာရိုဗစ် က   သွင်းယူခဲ့သည်။   ပြင်သစ်အသင်းသည် ပထမပိုင်းတွင် ဆွစ်ဇာလန်အသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့သော် လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသော ကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သည်။ ဒုတိယပိုင်း ပွဲချိန်  ၅၅  မိနစ်တွင်   ဆွစ်ဇာလန် အသင်း ပယ်နယ်တီ   ကန်ခွင့်ရရှိခဲ့ပြီး ရီကာဒို ရိုဒရီဂွက်ဇ်ကန်သွင်းသော်လည်း   ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိပေ။ 
ထို့နောက်      ပြင်သစ်အသင်းအနေဖြင့် ဆွစ်ဇာလန်အသင်းဘက်သို့ ဖိအားပေးကစား ခဲ့ပြီး   ချေပဂိုး   သွင်းယူနိုင်ခဲ့သည်။    ပွဲချိန် ၅၇ မိနစ်တွင် အမ်ဘတ်ပီ၏ ဖန်တီးပေးမှုမှ တစ်ဆင့် ဘင်ဇီမာက သွင်းယူပေးနိုင်ခဲ့သည်။  မကြာမီတွင်   ဂရစ်ဇ်မန်း၏   ဖန်တီးပေးမှုမှ တစ်ဆင့်     ဘင်ဇီမာကပင်    ဂိုးထပ်မံသွင်းယူ ပေးနိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ပြင်သစ် အသင်း   တတိယဂိုးရရှိခဲ့ပြီး     ပေါ့ဂ်ဘာက သွင်းယူပေးသည်။ 
ပွဲချိန်   ၈၁   မိနစ်တွင်     ဆီဖာရိုဗစ်က  ဆွစ်ဇာလန်အတွက် ဒုတိယချေပဂိုး သွင်းယူ ပေးသည်။   ဆွစ်ဇာလန်အတွက်    တတိယ ချေပဂိုးကို ပွဲပြီးခါနီးတွင် ဂါဗာနိုဗစ်က သွင်းယူ ပေးနိုင်ခဲ့သည်။   ပွဲအပြီး   တစ်ဖက်သုံးဂိုးစီ  သရေကျနေ၍  အချိန်ပို  ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း တစ်ဖက် နှင့်တစ်ဖက်   ဂိုးသွင်းယူနိုင်ခြင်း   မရှိသော ကြောင့်  ပယ်နယ်တီ  အဆုံးအဖြတ်  ခံယူခဲ့ ရသည်။ 
ပယ်နယ်တီအဆုံးအဖြတ်တွင် ဆွစ်ဇာလန် ကစားသမားများ   ဂိုးဝင်အောင်   သွင်းယူနိုင်ခဲ့ သော်လည်း    ပြင်သစ်အသင်းမှ  အမ်ဘတ်ပီ ကန်သွင်းမှုကို   ဂိုးသမားက   ကာကွယ်နိုင်ခဲ့ သဖြင့်    ငါးဂိုး-လေးဂိုးဖြင့်  ရှုံးနိမ့်ကာ  ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။           ဆွစ်ဇာလန် အသင်းသည် ဇူလိုင်   ၂   ရက်ကွာတားဖိုင်နယ် တွင် စပိန်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                 
အောင်ဇော်