ပယ်နယ်တီကန်ခွင့်ပေးခဲ့သဖြင့် အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ဝင်းသိင်္ဂီထွန်း ပြောကြား

 

ရန်ကုန်   မေ    ၄


မေ  ၃  ရက်က   ယှဉ်ပြိုင်ကစားသည့်  ဆီးဂိမ်း      အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့တွင် ဖိလစ်ပိုင်အသင်း ဘက်သို့ အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့ လက်ရွေးစင်       အမျိုးသမီးအသင်း တိုက်စစ်မှူး  ဝင်းသိင်္ဂီထွန်းက  ယုံကြည် မှု အပြည့်ဖြင့်  ပယ်နယ်တီ ကန်ခွင့်ပေး ခဲ့သဖြင့် အသင်းဖော်များကိုကျေးဇူးတင်  ကြောင်း ပြောကြားခဲ့သည်။

 


ဝင်းသိင်္ဂီထွန်းက “ဒီနေ့ပွဲမှာ အသင်း သားတွေနဲ့အတူ ပွဲချိန် မိနစ် ၉၀ အပြည့် အာရုံစိုက်  ကစားခဲ့ပါတယ်။  ဖိလစ်ပိုင် အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့ အသင်းဖြစ်လို့          တလေးတစားနဲ့ ကျွန်တော်တို့     ယှဉ်ပြိုင်ခဲ့ကြပါတယ်။  နောက်ဆုံးကန်ခဲ့တဲ့    ပင်နယ်တီလွဲထား တဲ့   ကျွန်တော့်ကို  ယုံယုံကြည်ကြည် ကန်သွင်းခွင့်ပေးခဲ့တဲ့  အသင်းဖော်တွေ  အားလုံးကြောင့် ဒီဂိုးကို သွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့      နည်းပြဆရာ    အဖွဲ့နဲ့    ကစားသမားတွေအတူ   အနိုင် ရလဒ်ကို   ရယူနိုင်ခဲ့လို့  အရမ်းပျော်ပါတယ်” ဟု အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ဝင်းသိင်္ဂီထွန်းက  ဖိလစ်ပိုင်အသင်းနှင့်  ပွဲပြီး  သတင်းစာရှင်းလင်းပွဲတွင်  ပြော ကြားခဲ့သည်။                      

ရဲရင့်လွင်