ရာဖာတွင် စစ်ဆင်ရေးများရပ်တန့်ရန် အိုင်စီဂျေက အစ္စရေးကို အမိန့်ထုတ်ပြန်

သည်ဟိတ် မေ  ၂၅ 
နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)အနေဖြင့်  ရာဖာတွင် စစ်ဆင်ရေးဆောင်ရွက်မှုများကို ရပ်တန့်ရန် အစ္စရေး ကို  ပထမဆုံးအကြိမ်   တောင်းဆိုလိုက်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 
အိုင်စီဂျေသည်   ရာဖာတွင်    ထိုးစစ်ဆင်မှုကို အမြန်ဆုံးရပ်တန့်ရန် ကြားဖြတ်စီမံချက်တစ်ရပ်ကို မေ  ၂၅  ရက်တွင်    ထုတ်ပြန်ကြေညာလိုက်သည်။ တိုက်ပွဲဖြစ်ပွားမှုများက လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအခြေအနေများကို    ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်စေကြောင်း သည်ဟိတ်တရားရုံးမှ တရား သူကြီးက ပြောသည်။ 
တရားသူကြီးများသည်   အရပ်သားများအား အစုလိုက်အပြုံလိုက်   သတ်ဖြတ်ခြင်းမှ   တားဆီး ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ    ဖြန့်ဝေဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ဖြစ်နိုင်သမျှသော စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ရေးနှင့်ပတ်သက် ပြီး အစ္စရေးကို ယခင်က အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ဖူး သည်။ 
သို့သော်လည်း အဆိုပါကိစ္စရပ်များနှင့်ပတ်သက် ပြီး    အစ္စရေးတို့၏    ကြိုးပမ်းအားထုတ်မှုများမှာ လုံလောက်မှုမရှိဟု   ၎င်းတို့က ယုံကြည်လက်ခံ ထားသည်။  ရာဖာတွင်   ထိုးစစ်ဆင်မှုများကြောင့် ဒေသခံများသည်     အကြိမ်ကြိမ်ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရသောကြောင့် လူသားချင်းစာနာမှု အကူအညီများအတွက် ရာဖာနယ်စပ်ဖြတ်ကျော်မှုကို အတားအဆီးမဲ့ထားရှိရေးအပါအဝင်  နောက်ထပ် အစီအမံများကို  တရားသူကြီးများက  တောင်းဆို ထားသည်။ 
တရားရုံးသို့   တောင်းဆိုချက်တင်သွင်းသော တောင်အာဖရိကတာဝန်ရှိသူများက စီရင်ချက်ချမှတ်မှု အပေါ် ကြိုဆိုခဲ့သည်။ ဂါဇာကမ်းမြောင်၏ မည်သည့် နေရာဒေသတွင်မဆို စစ်ရေးလှုပ်ရှားဆောင်ရွက်မှု များရပ်တန့်ရန်    အစ္စရေးကို   ပထမဆုံးအကြိမ် ပြတ်ပြတ်သားသား   ထုတ်ဖော်ပြောကြားခြင်းဖြစ် သောကြောင့် ယင်းစီရင်ချက်ချမှတ်မှုမှာ ကောင်းမွန် ကြောင်း တောင်အာဖရိကနိုင်ငံတကာဆက်ဆံရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးဌာန    ညွှန်ကြားရေး မှူးချုပ် ဒန်ဂေါက ပြောသည်။ 
အစ္စရေးခေါင်းဆောင်များသည်   စစ်ဆင်ရေး ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ် ထားသည်။ ထို့ကြောင့်  ယင်းသို့   လုပ်ဆောင်မှုက နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်သံများထပ်မံ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်။      

အင်န်အိတ်ချ်ကေ