ရေအားလျော့နည်းပြတ်တောက်မည့် အသိပေးကြေညာချက်

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊   အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) လက်အောက်ရှိ    ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) သည်   ရန်ကုန်မြို့တွင်း   မြို့နယ်များသို့ နေ့စဉ် ရေပေးဝေလျက်ရှိရာ   ဒုတိယအဆင့်   ရေတွန်းစက်ရုံမှ   ရေတွန်းစက် များရပ်၍  HDPE ဖလန်းပိုက်ဆက်နေရာနှင့်  သံပိုက်အဆက်နေရာ ရေယိုစိမ့်မှုအား  ပြုပြင်ရန်    နိုဝင်ဘာ ၁၄  ရက်   နံနက် ၁၀ နာရီမှ နိုဝင်ဘာ ၁၆ ရက်     မွန်းလွဲ ၂  နာရီအထိ ခန့်မှန်းကြာချိန်    နာရီ ၄၀ ခန့် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်သည်။

 


သို့ဖြစ်ပါ၍ အဆိုပါရေသန့်စင်စက်ရုံမှ ရေပေးဝေလျက်ရှိသော မြောက်ဥက္ကလာပမြို့နယ်၊   ရွှေပေါက္ကံမြို့နယ်၊   တောင်ဥက္ကလာပ မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊    ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေ (မေတ္တာညွန့် ရပ်ကွက်)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များရှိ ရပ်ကွက်များတွင်  ရေအား လျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ   ဖြစ်ပေါ်နိုင်ပါ သဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြပါရန် ကြိုတင်အသိပေးကြေညာ အပ်ပါသည်။            

 

အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ