ရှေးဟောင်းဗိသုကာလက်ရာများ ထုံမွှမ်းထားသော ပိန်းဇလုပ်ဒေသဂုဏ်ဆောင် သုဓမ္မာရာမ ကျောင်းတော်ကြီး

5

 

ပိန်းဇလုပ် - သိန်းညွန့်

 

သုဓမ္မာရာမကျောင်းတိုက်ကြီး


လွန်ခဲ့သော နှစ်ပေါင်း ၁၁၃ နှစ်ခန့်ဆီသို့ သမင် လည်ပြန် ပြန်ပြောင်းရှုကြည့် ဆင်ခြင်လိုက်ပါက ကိုလိုနီခေတ် ရှေးဟောင်းလက်ရာ ဗိသုကာလက်ရာ ဖြစ်သော  ကျောင်းတော်ကြီးနှင့်အတူ  မြန်မာမှု  အနုပညာလက်ရာများကို     မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။
ယင်းအဆောက်အအုံ၏ ဘူမိနက်သန်နေရာ သည်ကား ပဲခူးတိုင်းဒေသကြီး  ညောင်လေးပင် မြို့နယ်  ပိန်းဇလုပ်မြို့ပင် ဖြစ်ပါ၏။

 


ရှေးဟောင်းအဆောက်အအုံ 


ထိုခေတ်ကာလ  အခြေအနေအရ   တရုတ်၊ အိန္ဒိယနှင့် မြန်မာဗိသုကာပညာရှင်တို့၏ ဆန်းသစ် သော လက်ရာများ ပေါင်းစပ်ထုဆစ်ထားသည် မှန်သော်လည်း ရှေးဟောင်းအဆောက်အအုံတစ်ခု အဖြစ် ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ပေရာ ကမ္ဘာကျော် မြန်မာ့ကျွန်းသစ်တို့ဖြင့် ထုဆစ်ထားသည့် ကျွန်းတိုင်ကြီးများ၏ ထည်ဝါ ခံ့ညားမှု ၊ ခိုင်ခံ့လှသော ရက်မတန်း ထုထည်ကြီးများ ၏ အနေအထားနှင့် သပ်ရပ်လှပသော ပုံရိပ်လွှာတို့ လွှမ်းခြုံကာ    အံ့မခန်းဖွယ်    မြင်တွေ့ကြရမည် ဖြစ်ပါသည်။

 


လွန်ခဲ့သော ၂၀ ရာစုနှစ်  ချင်းနင်းဝင်ရောက် ခါစ၊ မြန်မာမြေပိုင်ရှင်  သူဌေးကြီး  ဦးမြတ်ထွန်း အောင် (T.P.S) နှင့် သူဌေးကတော် ဒေါ်လှပေါ်တို့၏ စေတနာသဒ္ဓါတရားထက်သန်စွာ   လှူဒါန်းခဲ့ကြ သော    ကျောင်းတော်ကြီးနှင့်    ရှေးဟောင်း ဗိသုကာလက်ရာတို့မှာ ယနေ့ကာလတိုင် တည်တံ့ ခိုင်ကျည်လျက် တည်ရှိနေပါ၏။

 


ထိန်းသိမ်းစောင့်ရှောက်ခဲ့ 


၁၂၆၆ ခုနှစ်၌ အခြေပြုခဲ့သော ယင်းကျောင်း တော်ကြီး၏ ဖြစ်တည်မှုကို ၁၂၇၁ ခုနှစ်တွင် ပထမ ကျောင်းထိုင်ဆရာတော်  ဦးဇာဂရထံ   အပ်နှင်း လှူဒါန်းခဲ့ပြီး ဒုတိယဆရာတော်ဖြစ်သော ဦးအဂ္ဂဓမ္မ မှသည် တတိယဆရာတော် ဘဒ္ဒန္တဥတ္တမသာရက ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်တော်မူလျက်ရှိပေသည်။

 


သက်တမ်းအားဖြင့် နှစ်ပေါင်း  ၁၁၀  ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သော ယင်းကျောင်းတော်၏ ဘုံခုနစ်ဆင့်ပါ   ပြာသာဒ်နှင့်   ပန်းတဉ်းလက်ရာ များမှာ ကိုလိုနီခေတ်၏ အငွေ့အသက် အနည်းငယ် မျှရှိခဲ့သော်ငြား  မြန်မာမှုလက်ရာအနုပညာတို့ကို ကား ထဲထဲဝင်ဝင်  လေ့လာအကဲခတ်  တွေ့မြင်နိုင် ပေသည်။

 


စိတ်ညွတ်နူးဖွယ်ရာ 

ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်၏ တင့်တယ် သပ္ပာယ်မှု၊  အနုစိတ်  ခြယ်မှုန်းထုဆစ်ထားသော ကျောင်းတော်နှင့်   ပလ္လင်တော်တို့မှာ   မြင်ရသူ အပေါင်း စိတ်ညွတ်နူးစရာ ဖြစ်ရပါ၏။

 

အဘယ်ကြောင့်မူ နွဲ့နှောင်းပျော့ပျောင်းသော ဗိသုကာလက်ရာများ ပေါင်းစပ်ထားသည့် လေးထပ် ကနုတ်ပန်းနှင့် နိပါတ်တော်လာ ဇာတ်ကွက်များမှာ လည်း ထူးကဲလှသော မြန်မာမှု ကျွန်းသားအနှစ် သားများဖြင့် ရွှေပိန်းချ ထုဆစ်ပူဇော်ထားပေရာ မြင်တွေ့လေ့လာရသူများအဖို့ မြတ်နိုး ကြည်ညိုစွာ ခံစားပီတိ ရရှိနိုင်ပေသည်။

 


နှစ်ပေါင်းပရိစ္ဆေဒ ကြာမြင့်လာခဲ့သော သုဓမ္မာ ရာမကျောင်းတော်ကြီးသည်      တစ်စတစ်စဖြင့် ပြုပြင်ရမည့် အနေအထားများဖြစ်ပေါ်လာခဲ့ပေရာ ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ ကိုယ်တော်တိုင် ဦးစီး ရွက်ဆောင်ကာ မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အလှူရှင်အသီးသီး၏ ဝိုင်းဝန်း ထိန်းသိမ်းမှုဖြင့် ရပ်တည်လျက်ရှိပါသည်။

 


ရှေးမူမပျက် 


ပြုပြင်ထိန်းသိမ်းမွမ်းမံဖွယ်ရာ အနေအထား များကို ရှေးမူမပျက်     ထိန်းသိမ်းစောင့်ရှောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပေရာ ဒေသခံအလှူရှင် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသာမက နိုင်ငံတော်အဆင့် နှင့်   အခြားနိုင်ငံတစ်ဝန်းမှ    အလှူရှင်များ၏ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်း ဖြည့်ဆည်း မှုကိုပါ မဖြစ်မနေ လိုအပ်လျက်ရှိပါ၏။

 


ဤကဲ့သို့ နှစ်(၁၀၀)ပြည့်ပွဲတော်ကိုပင် ခြိမ့်ခြိမ့် သဲ     ကျင်းပခဲ့ပြီဖြစ်သော    ပိန်းဇလုပ်မြို့၏ ဂုဏ်ဆောင် သုဓမ္မာရာမကျောင်းတိုက်ကြီး အပါ အဝင် ရှေးဟောင်းဗိသုကာလက်ရာများ  အရှည် တည်တံ့ ကြံ့ခိုင်စေသောငှာ ဝိုင်းဝန်းလှူဒါန်းနိုင် ကြရန်နှိုးဆော်သမှု အလေးအနက်ပြုဖော်ပြလိုရင်း လည်း   ဖြစ်ပါသည်။  

 


တရားအလှူမှန်သမျှသည် အမြတ်ဆုံးအလှူဒါန ကြီးပင်ဖြစ်ပေရာ ဤစာစုကို ဖတ်ရှုရသူအပေါင်း၏ ထက်သန်လှသော  သဒ္ဓါတရားနှင့်အညီ ပိန်းဇလုပ် မြို့၏   ဘူမိနက်သန်   ရှေးဟောင်းဗိသုကာလက်ရာ သုဓမ္မာရာမကျောင်းတော်မဟာနှင့်     ရှေးဟောင်း အမွေအနှစ်  ထိန်းသိမ်းဖော်ဆောင်မှုများကို အရှိန် အဟုန်မြှင့်လုပ်ဆောင်နိုင်မည့်    အလားအလာ ကောင်းများလည်း    ပေါ်ထွက်လာနိုင်မည်ဖြစ် ပေသည်။

 


ဓမ္မအကျိုးမျှော်

အချုပ်အားဖြင့် စာရေးသူအဖို့ မိမိဒေသမြို့ရွာ  အကျိုးအတွက်သာမက နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းကျိုး ဆောင်နိုင်မည့် ကျောင်းတော်ကြီးနှင့် ပရိဝုဏ် ရပ်ဝန်း၏    အရှည်တည်တံ့   သမိုင်းမော်ကွန်း ထိုးနိုင်မည့်   ကုသိုလ်ပွားဖွယ်   လုပ်ငန်းစဉ်ကြီး     အောင်မြင်ပေါက်ရောက်ရန်အတွက်     ဓမ္မအကျိုး မျှော်ကာ      တိုက်တွန်းနှိုးဆော်သမှု       ပြုလိုက် ရပါကြောင်း . . .။       ။