ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိလား၊ မရှိဘူးလားဆိုတာကို ရွေးကောက်ပွဲ တစ်ရက်တည်းကြည့်ပြီး ဆုံးဖြတ်လို့မရ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ သုံးခုလုံးရဲ့ အခြေအနေတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို သိစေလို

Type

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းအား  ဂျပန်သတင်းမီဒီယာဖြစ်သည့်  Mainichi Shimbun သတင်းစာက  အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့်ပတ်သက်၍ ဖော်ပြလိုက်ပါသည် -

 

မေး။    နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)ကနေပြောကြား 
ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့  မသမာမှုနဲ့ ပတ်သက်ပြီး သေချာအောင်  ရှင်းရှင်း လင်းလင်းသိပါရစေ။ ပြီးတော့ အဲဒါနဲ့ ပတ်သက်တဲ့ သက်သေတွေကို  ပြောပြ ပေးပါ။ ဂျပန်အပါအဝင် နိုင်ငံတကာ လေ့လာ       သုံးသပ်သူတွေကတော့ ဒီရွေးကောက်ပွဲက မျှတစွာ  ကျင်းပ ခဲ့တယ်လို့   ပြောပါတယ်။  အဲဒါကို ဘယ်လိုမျိုးများ   ပြန်လည်ငြင်းချက် ထုတ်ချင်ပါသလဲ။

ဖြေ။    ရွေးကောက်ပွဲမှာ  မဲမသမာမှု ရှိလား၊   မရှိဘူးလားဆိုတာကို 
ရွေးကောက်ပွဲ  တစ်ရက်တည်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာကို   ဦးစွာ အသိပေးလိုပါတယ်။   ရွေးကောက်ပွဲ မတိုင်မီ၊       ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ သုံးခုလုံးရဲ့ အခြေအနေတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို သိစေလိုပါတယ်။   ဒါတွေပြောရမှာ ဖြစ်လို့  ရှင်းပြတာ  နည်းနည်းတော့ ရှည်ပါတယ်။


ပါတီစုံဒီမိုကရေစီစနစ်


၂၀၁၀  ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ     ပါတီစုံဒီမိုကရေစီ စနစ်ကို   သွားခဲ့ပါတယ်။   ပါတီစုံဒီမို ကရေစီစနစ်ကိုသွားနိုင်ဖို့   အခြေခံ ဥပဒေကို    တပ်မတော်အစိုးရက ဦးဆောင်ပြီး     လူထုလူတန်းစား ကိုယ်စားလှယ် ၇၀၀ ကျော်နဲ့ ဆွေးနွေး ရေးဆွဲခဲ့ပါတယ်။   ၂၀၁၀   ပြည့်နှစ် ရွေးကောက်ပွဲမှာ   NLD   ပါတီက ရွေးကောက်ပွဲကို   သပိတ်မှောက်ခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ  USDP  က နိုင်တယ်။ USDP အစိုးရလက်ထက်မှာ ဒီမိုကရေစီ        အသွင်ကူးပြောင်းမှု ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ နိုင်ငံတကာက သိပါတယ်။ ၂၀၁၂ ခုနှစ် မှာတော့ NLD ပါတီက တောင်းဆိုခဲ့တာ၊ အခြားနိုင်ငံရေးပါတီတွေက တောင်းဆို ခဲ့တာတွေကို     ထည့်သွင်းစဉ်းစားပြီး   NLD    ပါတီ      ရွေးကောက်ပွဲဝင်နိုင်ရေး ရွေးကောက်ပွဲဥပဒေကို   ကျွန်တော်တို့  ပြင်ဆင်ပေးခဲ့ပါတယ်။   ၂၀၁၂    ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ  NLD  ပါတီ အများစုနိုင်ခဲ့တယ်။    ဒေါ်အောင်ဆန်း စုကြည်   လွှတ်တော်ထဲရောက်လာပါ တယ်။  လွှတ်တော်ကော်မတီတစ်ခုမှာ   ဥက္ကဋ္ဌအဖြစ်     နေရာပေးခဲ့တယ်။   ဒါ သမိုင်းကြောင်းပဲ။   ဦးသိန်းစိန်အစိုးရနဲ့  တပ်မတော်က NLD ပါတီကို  နေရာမပေး ဘူးဆိုရင်    ဒီလိုလုပ်ငန်းတွေ  ဘယ်လိုလုပ် လုပ်မှာလဲ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲလုပ်တယ်။ NLD နိုင်တယ်။ ပြည်တွင်း၊  ပြည်ပနိုင်ငံရေးအဖွဲ့တွေက NLD ပါတီ ကို အာဏာလွှဲမပေးမှာ  စိတ်ပူကြတယ်။ အာဏာလွှဲပြောင်းရေး      အစီအစဉ် ဘယ်လောက်အထိ   ချောမွေ့ခဲ့သလဲ ဆိုတာ မျက်မြင်ပါပဲ။ ၂၀၁၅ ခုနှစ်ကနေ  ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော်အနေနဲ့ NLD  အစိုးရရဲ့  အုပ်ချုပ်မှုမှာ  ဖြစ်သင့် ဖြစ်ထိုက်တဲ့  ထောက်ပြပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကလွဲလို့  အစိုးရရဲ့လုပ်ဆောင် မှုတွေမှာ     ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့     တပ်မတော်နဲ့ပတ်သက်ပြီး NLD ပါတီ အစွန်းရောက်တွေရဲ့ ဝေဖန်မှု တွေ၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကို ဖျက်လိုက်တာတွေ၊ လွှတ်တော်မှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတဲ့ မှတ်တမ်းတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။

ကန့်ကွက်ချက်တွေ လုပ်ခဲ့

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD  ပါတီအနေနဲ့     ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ချက်တွေ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့ တာမှာ    ရွေးကောက်ပွဲမစခင်ကတည်းက   လုပ်ခဲ့တာပါ။   ဥပမာ   ရွေးကောက်ပွဲ     မဲလက်မှတ်တွေမှာ မဲပေးတဲ့အမှတ်အသား     မထင်အောင် ဖယောင်းသုတ်ထားတယ်  ဆိုတာမျိုးက စလို့ပေါ့။ ဒါက ဥပမာအနေနဲ့  ပြောပြတာပါ။  ဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ      ရွေးကောက်ပွဲ မဲလက်မှတ်တွေ ရိုက်နှိပ်တာကစပြီး UEC က  နိုင်ငံရေးပါတီအားလုံးကိုဖိတ်ခေါ်ပြီး ရွေးကောက်ပွဲ    လုပ်ငန်းစဉ်အားလုံးကို ခေါ်ပြခဲ့တယ်။ အစစ်ခံခဲ့တယ်။ ရွေးကောက် ပွဲကာလ၊  အပြီးကာလတွေမှာလည်း နိုင်ငံရေးပါတီ၊    ပုဂ္ဂလိကအဖွဲ့အစည်း တွေရဲ့ ကန့်ကွက်မှုတွေကိုလည်း  လုပ်ထုံး လုပ်နည်းတွေနဲ့အညီ   ဖြေရှင်းပေးခဲ့ပါ တယ်။  မဖြေရှင်းနိုင်တာ ဘာမှမရှိခဲ့ပါဘူး။
အခု   ၂၀၂၀   ပြည့်နှစ်ရွေးကောက်ပွဲ မှာတော့ နိုင်ငံရေးပါတီတွေက မဲလက်မှတ် တွေ  ဘယ်မှာရိုက်တယ်၊  ဘယ်လောက် ရိုက်တယ်၊       စစ်ဖို့တောင်းခဲ့တယ်။ ရွေးကောက်ပွဲ       လုပ်ငန်းစဉ်ကြည့်ဖို့ တောင်းခဲ့ပါတယ်။     ခွင့်မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက  NLD  ပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေရဲ့  မဲဆွယ်စည်းရုံးမှုတွေကို  ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြပြီး  ကန့်သတ်မှု တွေ အမျိုးမျိုးလုပ်ခဲ့ပါတယ်။ NLD ပါတီ  အနေနဲ့ကတော့ လူစု၊ လူဝေးနဲ့ လှည့်လည် စည်းရုံးခွင့်တွေကို  လွတ်လွတ်လပ်လပ် ပြုလုပ်ခဲ့ပါတယ်။ အစိုးရပိုင် မြန်မာ့အသံ နဲ့ရုပ်မြင်သံကြားမှာ အခြားပါတီတွေရဲ့  မဲဆွယ်စည်းရုံးမှုတွေကို  ဆင်ဆာဖြတ်ခဲ့ ပါတယ်။ ဒါ့ကြောင့်  အချို့နိုင်ငံရေးပါတီ တွေက     မဲဆွယ်စည်းရုံးစကားတောင် မပြောဘဲ   သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၉၀ မှာ ရွေးကောက်ပွဲအတွက် NLD ပါတီ ရဲ့  လုပ်ရပ်တွေကို  ဆန္ဒပြမှုပေါင်း ၂၀၀  လောက်ရှိခဲ့ပါတယ်။      မီဒီယာပိုင်း မှာလည်း တစ်ဖက်သတ် နှိပ်ကွပ်ထားလို့  ဒါတွေကို မီဒီယာတွေနဲ့ နိုင်ငံတကာက မသိခဲ့ပါဘူး။


ရွေးကောက်ပွဲ   မတိုင်မီကာလမှာ ဖြစ်ပေါ်နေတဲ့ ဥပဒေနဲ့မညီညွတ်မှု၊ တရား  မျှတခြင်းကင်းမဲ့မှု၊  ချို့ယွင်းအားနည်းချက် တွေကို တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ  “၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အကြို ကာလ၌  ဖြစ်ပေါ်နေသည့် အခြေအနေများ နှင့်ပတ်သက်၍  သဘောထားထုတ်ပြန် ချက်” ကို တရားဝင်ထုတ်ပြန် သတိပေး၊  အသိပေးခဲ့ပါတယ်။

ပုဒ်မ ၃၉၉ အရ


အဲဒီအထဲမှာ  ဥပဒေနဲ့မညီညွတ်တာ တွေအနေနဲ့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရဲ့ တာဝန်များမှာ “ရွေးကောက် ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများကို  ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ      ပြဋ္ဌာန်းချက်များနှင့်အညီ သော်လည်းကောင်း၊   လုပ်ထုံးလုပ်နည်း များ၊  ညွှန်ကြားချက်များ  စသည်များကို  သက်ဆိုင်ရာ   ဥပဒေများနှင့်အညီသော် လည်းကောင်း          ထုတ်ပြန်ခြင်း” လို့   အတိအလင်း       ပြဋ္ဌာန်းထားပါတယ်။  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့  လုပ်ထုံးလုပ်နည်းတွေ၊  အမိန့် ကြေညာစာတွေ၊ အမိန့်နဲ့ညွှန်ကြားချက် တွေ ထုတ်ပြန်ရာမှာ တည်ဆဲဥပဒေများ  အပေါ်အခြေခံပြီး လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။

အဲဒီ   ရွေးကောက်ပွဲအကြိုကာလ အတွင်းမှာ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်  ထုတ်ပြန်ချက်၊   သတင်းစာရှင်းလင်းပွဲ၊ မီဒီယာများသို့ ပြောကြားချက်၊  သတင်း  ဖော်ပြချက်တွေမှာ           ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းမှာ   ဥပဒေ၊   လုပ်ထုံး လုပ်နည်းတွေနဲ့မညီတဲ့  ညွှန်ကြားချက် တွေ  ထုတ်ပြန်တာတွေ၊  ချိုးဖောက်တာ တွေ    ပြုလုပ်ခဲ့ပါတယ်။    ဒီအတွက် သက်သေအမြောက်အမြား  ရှိပါတယ်။ NLD ပါတီဝင်တွေ၊ စည်းရုံးရေးမှူးတွေ ကိုယ်တိုင်  ကြိုတင်ဆန္ဒမဲကောက်တာ တွေ၊ လမ်းလယ်ကောင်မှာ မဲပေးတာ တွေ  တစ်ပုံကြီးပါ။      “နိုင်ငံသားကတ်၊ မှတ်ပုံတင်မရှိဘဲ   မဲပေးခွင့်ပြုခဲ့တာ” တစ်ပုံကြီးပါ။
ရွေးကောက်ပွဲအတွက်  အထောက် အကူပြုအဖွဲ့ဆိုပြီး   သူတို့ဖွဲ့ခဲ့ပါတယ်။  အဲဒီအဖွဲ့ထဲမှာ NLD ပါတီ   တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ် တွေက  ပေးထားတဲ့    NLD    ပါတီဝင် တွေကို   ထည့်သွင်းဆောင်ရွက်ခဲ့ပါ တယ်။  အဲဒီလိုမျိုး  လုပ်ခဲ့တဲ့၊   သူတို့ တရားဝင်ထုတ်ခဲ့တဲ့    ညွှန်ကြားချက်   စာရွက်စာတမ်းတွေကိုလည်း ကျွန်တော် တို့က သံတမန်တွေရဲ့ရှေ့မှာ၊ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ ရှေ့မှာ    ကျွန်တော်တို့အနေနဲ့     မူရင်း အတိုင်းပြသပြီး ဖြစ်ပါတယ်။ 

တန်းတူညီမျှ မဲဆွယ်ခွင့်မရ

တရားမျှတမှု    ကင်းတယ်ဆိုတာ ကတော့ ကျွန်တော်  ခုနက  ပြောခဲ့ပြီး ပါပြီ။ တန်းတူညီမျှ မဲဆွယ်ခွင့်မရတာဘဲ ဖြစ်ပါတယ်။ 
ချို့ယွင်းအားနည်းချက်    ဆိုတာ ကတော့ အထွေထွေပါပဲ။ မဲစာရင်းကို သုံးကြိမ်ခန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါ တယ်။  သို့သော်နောက်ဆုံးထုတ်ပြန်တဲ့  မဲဆန္ဒရှင်စာရင်းကို       ဝင်ပြိုင်တဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တောင်   မရခဲ့ပါဘူး။  လက်တွေ့မှာ   ရွေးကောက်ပွဲပြင်ဆင်ဖို့အတွက်  လေး  နှစ်ကျော်  ငါးနှစ်နီးပါး   အချိန်ရခဲ့တာ  တောင်      ကြိုတင်ဆန္ဒမဲလက်မှတ်  ထည့်တဲ့   စာအိတ်တွေပေါက်နေတာ ကအစ ကြုံရပါတယ်။ ခင်ဗျားတို့ ဂျပန် မှာ   ကြိုတင်မဲပေးတဲ့   မြန်မာတွေ  ကိုယ်တိုင်ကြုံခဲ့လို့   စာအိတ်ကြီးကို ကိုင်ပြီး  LIVE တောင်  လွှင့်ပြခဲ့ပါသေး တယ်။ 
တပ်မတော်ကို တင်ပြလာ

ရွေးကောက်ပွဲပြီးတဲ့  အချိန်မှာတော့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဝင် ခဲ့တဲ့ လွှတ်တော်အမတ်လောင်းတွေက သူတို့ရွေးကောက်ပွဲဝင်ခဲ့တဲ့ မြို့တွေရဲ့ မဲမသမာမှုတွေကို      စာရင်းဇယား၊ သက်သေ   အထောက်အထားတွေနဲ့ တပ်မတော်ကို တင်ပြလာပါတယ်။ အဲဒီ ကတည်းကတိုင်  မြို့နယ်တစ်ခုတည်း မှာပဲ မဲစာရင်းထပ်နေတာတွေ၊ နိုင်ငံသား      စိစစ်ရေးကတ်မရှိဘဲ မဲပေးတာတွေ၊ နိုင်ငံသားစိစစ်ရေးကတ်  တစ်ခုတည်းနဲ့ ၃ ကြိမ်အထိ မဲစာရင်းထဲ ပါနေတာတွေ တွေ့ရပါတယ်။   ဒါကြောင့်  နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တပ်မတော်က   မဲစာရင်း အမှန်များ   ကူးယူခွင့်တောင်းခံခဲ့ပါ တယ်။          

 b စာမျက်နှာ ၁၀ မှ
တပ်မတော်သားတွေလည်း   ပြည်သူနဲ့ အတူ မဲပေးခဲ့ပါတယ်။  သက်ဆိုင်ရာ  ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင်များ၊ လွှတ်တော်   အမတ်လောင်းများက    မဲစာရင်းတောင်းရင်   မိတ္တူကူးခ ၂၅ ကျပ်သွင်းပြီး  မည်သူမဆို    ကူးယူခွင့် ရှိရမှာဖြစ်ပါတယ်။  ဒါကို  ဥပဒေနဲ့ မညီ ဘူးဆိုပြီး  ဒီဇင်ဘာလ ၇ ရက်နေ့မှာ  UEC  က တုံ့ပြန်ခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ဥပဒေအကြောင်းခြင်းရာအရ ပြန်လည်ဖြေရှင်းမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ   ပြုလုပ်ခဲ့ပါတယ်။   မသိ ကျိုးနွံပြုခဲ့ပါတယ်။    သူတို့မှန်ရင် ဒီမဲစာရင်း ပေးရမှာပေါ့။   ရိုးရိုးလေး စဉ်းစားကြည့်ရင်  တွေ့နိုင်ပါတယ်။        ဒီကြားထဲမှာ   တပ်မတော်အနေနဲ့  လွှတ်တော်အမတ်လောင်းအချို့ဆီက  နောက်ဆုံးရရှိတဲ့    မဲစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ  ပြုလုပ်ခဲ့ပြီး တွေ့ရှိတဲ့  မဲမသမာမှုတွေကို မြို့နယ် အလိုက်   ၂၃-၁၂-၂၀၂၀ ရက်နေ့ ကတည်းက   နေ့စဉ်၊   အပတ်စဉ် ထုတ်ပြန်ခဲ့ပါတယ်။   UEC   အနေနဲ့ ထပ်ပြီး မသိကျိုးနွံပြုခဲ့တယ်။ ၁၁-၁- ၂၀၂၁ ရက်နေ့မှာတော့ တပ်မတော်သား  လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့  ပြည်ထောင်စု   လွှတ်တော်ကိုယ်စား လှယ် ၂၀၃ ဦးက ဒီမဲစာရင်းတွေရှင်းလင်း ဖို့ ပြည်ထောင်စု လွှတ်တော်နာယကကို  လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ စုစည်း တောင်းဆိုတင်ပြခဲ့ပါ  တယ်။       ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ၈၃ နဲ့ ၈၄ အရ လွှတ်တော်  ကိုယ်စားလှယ်  အနည်းဆုံး ၄ ပုံ ၁ ပုံက တောင်းဆိုရင်  လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ပေးရမှာဖြစ်ပါတယ်။ ဒါကိုလည်း မသိချင်ယောင်  ဆက်ဆောင် ခဲ့ပါတယ်။
တရားဝင်ထုတ်ပြန်ခဲ့
၂၀-၁-၂၀၂၁      ရက်နေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  တွေ့ရှိ ချက်၊   တပ်မတော်ရဲ့သဘောထားကို  တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။   အဲဒီ အချိန်ထိ မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ကို စစ်ရာမှာ  မြို့နယ်တစ်ခုချင်းအလိုက်  မဲမသမာမှုဖြစ်နိုင်တဲ့၊      ထပ်နေတဲ့ မဲစာရင်း   ၂ သန်း   ၉ သိန်းကျော်၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်း     ၄ သန်း ၆ သိန်း  စုစုပေါင်း ၇ သန်း ၆ သိန်းကျော်ရှိကြောင်း၊  နောက်မြို့နယ် တစ်ခုချင်းအလိုက် အပြန်အလှန်(Cross Check) စစ်ရာမှာလည်း    မဲမသမာမှု ဖြစ်နိုင်တဲ့၊      အပြန်အလှန်ပါနေတဲ့ မဲစာရင်း ၂ သိန်း  ၅  သောင်း တွေ့ရ ကြောင်း  ဆက်ပြီး  စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၀၀ နဲ့ အထက်  မဲစာရင်းမှာပါနေသူ ၁ သောင်း ၈ ထောင်၊ အသက် ၁၈  နှစ်မပြည့်ဘဲ  ပါနေသူ ၁ သောင်း ၁ ထောင်၊  နိုင်ငံသားစိစစ်ရေး ကတ်မရှိတဲ့  မဲစာရင်းပါသူ ၄ သန်း ၆ သိန်း၊  နိုင်ငံသားစိစစ်ရေးကတ်အမှတ် တူနေသူ ၂ သန်း ၉ သိန်း၊ သေဆုံးပြီးသူ ၆၁၃ ဦး ပါနေတယ်ဆိုတာ ထုတ်ပြန် ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ဖြေရှင်း ပေးဖို့ UEC ကို   တောင်းဆိုခဲ့ပါတယ်။  လွှတ်တော်ကို   တောင်းဆိုခဲ့ပါတယ်။ လျစ်လျူရှုခံရတယ်။အခု  “ ဒီရွေးကောက်
ပွဲဟာတပ်မတော်အပါအဝင်  အခြားသော   နိုင်ငံရေးပါတီများအနေနဲ့      လွတ်လပ် တရားမျှတပြီး     ပွင့်လင်းမြင်သာတဲ့  ရွေးကောက်ပွဲဖြစ်ကြောင်း  ထုတ်ဖော် ပြနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒ အစစ်အမှန် ကို  ထင်ဟပ်စေမှာဖြစ်လို့ လက်ခံမယ်လို့   တရားဝင်   ပြောခဲ့ပါတယ်။ ”   ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်    သို့မဟုတ် လွှတ်တော်သို့မဟုတ်   အစိုးရက ဖြေရှင်း ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ  အခု နိုင်ငံတကာက  ပြောနေတဲ့  စေ့စပ် ဆွေးနွေး   ညှိနှိုင်းရေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။   ဒီထုတ်ပြန်ချက်တွေကို   ကျွန်တော်တို့     တရားဝင်ထုတ်ပြန်ခဲ့တယ်။   ပုန်းလျှိုး  ကွယ်လျှိုး  လုပ်တာမဟုတ်ဘူး။   ဒီလမ်းကြောင်းကို ပစ်ပယ်ခဲ့တာ  NLD အစိုးရပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလ  ၂၆ ရက်နေ့မှာ  နိုင်ငံ တကာ  သတင်းမီဒီယာ   ပြည်တွင်း၊ ပြည်ပအားလုံးကို  ဖိတ်ပြီး မဲမသမာမှု တွေ့ရှိချက်တွေကို       စာရင်းဇယား၊ စာအုပ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာတွေနဲ့ ပြသခဲ့တယ်။ မဲမသမာမှုအရေအတွက် ၁၀ သန်း ၄ သိန်းရှိခဲ့တယ်။ စိတ်ကြိုက် စစ်ဆေးကြည့်ရှုခွင့်ပြုခဲ့တယ်။ ကမ္ဘာသိ ထုတ်ပြန်ခဲ့တယ်။ ၃၀-၁-၂၀၂၁ ရက်နေ့ မှာ   ကျွန်တော်တို့အနေနဲ့   ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ  သွားတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။  ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံထဲက  အချို့ သံရုံးတွေအနေနဲ့   ဒီမဲမသမာမှုကို   မသိ ချင်ယောင်ဆောင်နေပြီး     ဝေဖန်လာလို့
ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။   တပ်မတော် အနေနဲ့   ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း-၁၂ အရေးပေါ်ဆိုင်ရာ    ပြဋ္ဌာန်းချက်အရ၊ နိုင်ငံရေးအရ   အရေးပေါ်အခြေအနေ ကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာထိန်းခဲ့ပါတယ်။  အသစ် ပြန်လည်ဖွဲ့စည်းခဲ့တဲ့  UEC နဲ့   မဲစာရင်း တွေကို  စစ်ဆေးခဲ့ပါတယ်။    စာရင်း ဇယားတင်မဟုတ်ဘဲ    မြေပြင်မှာပါ စစ်ဆေးကြည့်ရှုခဲ့ပါတယ်။    သက်သေ အမြောက်အမြား      ရယူခဲ့ပါတယ်။ မဲမသမာမှု  ၁၁ သန်းကျော် ရှိပါတယ်။ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၂၇ - ၈-၂၀၂၁ ရက်နေ့မှာ သက်သေအထောက်အထား မြောက်မြားစွာနဲ့    နိုင်ငံတကာသံရုံး ကိုယ်စားလှယ်တွေ၊ မီဒီယာတွေရှေ့မှာ ပြသခဲ့ပါတယ်။      စိတ်ကြိုက်ကြည့်ရှု ခွင့်ပေးခဲ့ပါတယ်။      မဲမသမာမှုဖြစ်နေတဲ့      မဲလက်မှတ်တွေကိုပါ   ထုတ်ဖော်ပြသ ခဲ့ပါတယ်။ မဲမသမာမှုတွေ၊  မှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုတာကို ယခင် UEC အဖွဲ့ဝင် ဟောင်းတွေရဲ့       ဝန်ခံချက်တွေကိုလည်း  ကျွန်တော်   သတင်းစာရှင်းလင်းပွဲမှာ  ပြသခဲ့ပြီးဖြစ်ပါတယ်။  သူတို့ကိုယ်တိုင် လည်း  ဝန်ခံခဲ့ပါတယ်။  NLD အစိုးရရဲ့   ရွေးကောက်ပွဲအပေါ် ဝင်ရောက်စွက်ဖက်မှု တွေကိုလည်း  မူရင်းအတိုင်း ခိုင်လုံစွာ ပြသခဲ့ပါတယ်။   ဩဂုတ်လကုန်မှာပဲ   ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး ဝန်ကြီးက    ရန်ကုန်မှာ  နိုင်ငံတကာ   သံအမတ်တွေနဲ့တွေ့ပြီး       သက်သေ အထောက်အထား  ခိုင်ခိုင်လုံလုံနဲ့ ထပ်ပြီး ရှင်းပြခဲ့ပါတယ်။   ဒီထက်ပိုပြီး  ကျွန်တော် တို့က  ဘာကိုထပ်ပြီး သက်သေပြရမှာလဲ။     ရွေးကောက်ပွဲမတိုင်မီမှာ  အသိပေး၊ သတိ ပေးခဲ့ပါတယ်။     ရွေးကောက်ပွဲအပြီး ကာလမှာ     တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ နည်းမျိုးစုံနဲ့ ပြောခဲ့တယ်။     တွေ့ရှိချက် တွေကိုလည်း နိုင်ငံတကာကို   ပြသခဲ့၊  ပြောခဲ့တယ်။ ခေါင်းဆောင်များအကြား ကိုယ်စားလှယ်များနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီမှာ   ကျွန်တော်ပြောလိုတာ  (၂)ခုပဲ ရှိတယ်။ (၁) ကျွန်တော်တို့ ပြောနေတာ တွေက အရင်ကတည်းက မမှန်ဘူးဆိုရင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်းက  ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ။ မဖြေရှင်းတာလဲ။   (၂) ဒီလိုသက်သေ အထောက်အထား      ခိုင်ခိုင်လုံလုံနဲ့    ပြနေတာကို ဘာကြောင့် မသိချင်ယောင် ဆောင်တာလဲ။ ထပ်ကြည့်ချင်သေးရင် လာခဲ့ပါ။ လက်ရှိ UEC အနေနဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့    ပြသဖို့ အသင့်ရှိတယ်။ 
မေး။    ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်
    ပြီး ဘာများလုပ်ဆောင်ဖို့  ရှိပါ သလဲ။  သူလွတ်မြောက်ရေးနဲ့   ပတ်သက် တဲ့  အခြေအနေတွေနဲ့   ဖြစ်နိုင်ခြေတွေ ကတော့ ဘာတွေပါလဲ။ ဒါ့အပြင် NLD အမှုဆောင်     အဖွဲ့ဝင်တွေကိုကော      ဘယ်လိုများ  ဆက်လက်   လုပ်ဆောင်သွား မှာပါလဲ။    အကယ်၍   တရားရုံးက ဒေါ်အောင်ဆန်းစုကြည့်ကို  လွှတ်ပေး မယ်ဆိုရင်    လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ကလည်း    အဲဒီဆုံးဖြတ်ချက် အတိုင်းပဲ လက်ခံမှာပါလား။
ဖြေ။    ဥပဒေနဲ့အညီ        ဆက်လက်
    လုပ်ဆောင်ပါမယ်။  တရားရင်ဆိုင် နေဆဲဖြစ်တဲ့အတွက်      တရားရုံးရဲ့    အဆုံးအဖြတ်ပါပဲ။   ဥပဒေကို ကျော်လွန် ပြီး လုပ်ဆောင်မှာ  မဟုတ်ပါဘူး။  ကျန်သူ များ အတွက်လည်း ဒီလိုပဲဖြစ်ပါတယ်။     မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်တဲ့     တရားစီရင်ရေးစနစ်    ဖြစ်ပါတယ်။  နောက်တစ်ခု   အခုလက်ရှိ  တာဝန် ထမ်းဆောင်နေတဲ့  တရားသူကြီး ချုပ် ဟာလည်း     ယခင် NLD  လက်ထက် ကတည်းက    တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီးချုပ်ဖြစ်ပါတယ်။ 
မေး။    တပ်မတော်အနေနဲ့    နောက်ထပ်
    ပြုလုပ်မယ့်  ရွေးကောက်ပွဲအတွက် ဘယ်လို     လုပ်ဆောင်သွားမှာပါလဲ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကကော      ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေနဲ့  ပါဝင်ယှဉ်ပြိုင်
ရွေးချယ်ခံမှာပါလား။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ  NLD က  ထပ်မံ အနိုင်ရခဲ့မယ်ဆိုရင်   ဒီရွေးကောက်ပွဲ ရလဒ်ကို SAC အနေနဲ့ လက်ခံသွားဖို့ ရှိပါသလား။  နောက်ရွေးကောက်ပွဲမှာ အနိုင်ရမယ့်ပါတီကို  အာဏာ  မလွှဲ ပြောင်းခင်  လုပ်ဆောင်မယ့်  လုပ်ငန်း စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။    ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
    စီမံ       ဆောင်ရွက်မှာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ဆောင်ရွက်မှာဖြစ်ပါတယ်။ အခု အချိန်မှာ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ   နိုင်ငံရေးပါတီ မျာအား စည်းကမ်းစနစ်တကျရှိစေရေး၊ လုပ်ငန်းဆောင်တာများ၊ ရန်ပုံငွေများ၊ ပါတီဝင်အရေအတွက်  စစ်ဆေးခြင်း တွေကို   ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ      အလေးအနက်ထား 
ပြောကြားလိုတာက       တပ်မတော်ဟာ ပြည်သူ့ဆန္ဒနဲ့အညီ   ပါတီစုံဒီမိုကရေစီ စနစ်ကို   စတင်လမ်းခင်းပေးခဲ့ပါတယ်။ အခုအချိန်မှာ  အခြေခံဥပဒေနဲ့အညီ စစ်မှန်စည်းကမ်းပြည့်ဝတဲ့     ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အစိုးရ၊ တပ်မတော်အနေနဲ့ ခိုင်ခိုင်မာမာ အာမခံပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာ     နောက်ဆုံး အချက်က “ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့် အညီ   လွတ်လပ်ပြီး တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍  အနိုင်ရသည့် ပါတီအား ဒီမို ကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ” လို့  ဖော်ပြထား ပြီး ဖြစ်ပါတယ်။  ဘယ်နိုင်ငံရေးပါတီ အနိုင်ရရ ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အာဏာမလွှဲပြောင်းခင် လုပ်ဆောင်မယ့် အဆင့်တွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပုဒ်မ-၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၀ အတိုင်း ဖြစ်ပါတယ်။    အဲဒီအချက် တွေကို      အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ    နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာထား သော်လည်း    ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့    ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ရှိပါတယ်။  ပြည်သူ့ လွှတ်တော်  ဥက္ကဋ္ဌ     ဦးတီခွန်မြတ် ရှိပါ တယ်။ အမျိုးသား   ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိပါတယ်။    တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရေး ပေါ်ကာလပြဋ္ဌာန်းချက်အရ     (၁) နှစ် အတွင်းမှာ    သူ့ကိုပေးအပ်ထားတဲ့ တာဝန်များမပြီးဆုံးသေးရင်     အဲဒီ ကောင်စီကို တင်ပြလာပါက အရေးပေါ် ကာလကို  တစ်ကြိမ်လျှင် (၆) လနဲ့ နှစ်ကြိမ် တိုးရမှာ ဖြစ်ပါတယ်။ ပြီးရင် ပုဒ်မ-၄၂၆ အရ အရေးပေါ်ကာလမှာ ဆောင်ရွက်ရမယ့်   လုပ်ငန်းများ   ပြီးစီး ကြောင်း   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အစီရင်ခံရင်     အရေးပေါ် ကာလ ဖျက်သိမ်းကြောင်း ကြေညာပြီး နောက် (၆) လအတွင်းမှာ     ပါတီစုံဒီမို ကရေစီ    အထွေထွေရွေးကောက်ပွဲ   ကျင်းပပေးရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)