ရေကြီးရေလျှံသဘာဝအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကာကွယ်

ဆိုးရွားပြင်းထန်သည့်   ရာသီဥတုဖြစ်စဉ်များကြောင့်   ကမ္ဘာ့နိုင်ငံ အချို့တွင် သဘာဝဘေးအန္တရာယ်များ  ကျရောက်နေသည်ကို  နိုင်ငံ တကာသတင်းများတွင် တွေ့မြင်ရသည်။  တရုတ်နှင့်  အိန္ဒိယအပါ အဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသာမက ဖြစ်တောင့်ဖြစ်ခဲ့  ဥရောပနိုင်ငံအချို့တွင်ပါ ရေကြီးမြေပြိုမှု သဘာဝဘေးများ ကျရောက် ခဲ့ပြီး   ပုံမှန်မဟုတ်သော   ရာသီဥတုဖောက်ပြန်မှုသတင်းများကို တွေ့မြင်ကြားသိရခြင်းဖြစ်သည်။

 


သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် ဘေးအန္တရာယ်ကြီးမားသည့် အနေအထားတွင်  ပါဝင်နေသည်။  တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်ချောင်းများ၊ ပြတ်ရွေ့ ကြောများနှင့် ငလျင်ဇုန်များ စသည်တို့မှာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာဒေသများဖြစ်ကြသည်။ ပြင်းထန်ဆိုးရွား သည့် သဘာဝဖြစ်စဉ်များကို လူသားတို့အနေဖြင့် ကြိုတင်ကာကွယ် တားဆီး၍မရနိုင်သော်လည်း သဘာဝဘေးအန္တရာယ်များ ပြင်းထန် စွာ မခံစားရစေရန်အတွက်မူ စီမံခန့်ခွဲမှုများကောင်းမွန်စွာ ကြိုတင် ပြုလုပ်ထားခြင်းဖြင့် ဘေးဒုက္ခများကို လျှော့ချနိုင်သည်။ မြန်မာနိုင်ငံ တွင် နှစ်စဉ်လိုလိုပင် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွင်း  မိုးသည်းထန်စွာရွာသွန်းမှု၊   ရေကြီးရေလျှံမှု၊    မြေပြိုမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပြီး သီးနှံစိုက်ခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားနှင့် ဆက်သွယ်ရေးများပျက်စီးခြင်း၊ ရေဘေးသင့်နေရာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရခြင်း၊ ရေဘေးသင့်ခြင်းနှင့် နောက်ဆက် တွဲ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်မှာ ရာသီအလိုက်တွေ့ကြုံရ သည့် အန္တရာယ်မျိုးဖြစ်ပြီး ဖြစ်နေကျနေရာများတွင်သာ ဖြစ်ပေါ်နိုင် သည့်အလျောက် ကြိုတင်ပြင်ဆင်ကာကွယ် ရှောင်တိမ်းနိုင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေနိုင်သည်။

 


ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့် အချိန်ကာလသို့ ရောက်ရှိ လျက်ရှိရာ ရေဘေးအန္တရာယ်ကြုံတွေ့ရလေ့ရှိသည့်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အကြံပြုထားသည့် အချက်အလက်များတွင် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ရန်၊ မိသားစုဝင်အချင်းချင်း/အိမ်နီးချင်းများနှင့် ဆက်သွယ် နိုင်မည့်ဖုန်းများ၊    အရေးပေါ်ဆက်သွယ်နိုင်မည့်    ဖုန်းနံပါတ်များ အဆင်သင့်ရှိနေစေရန်၊ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ် ထားရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သော နေရာတွင် ထားရှိရန်၊ သောက်သုံးရေများ   ကြိုတင်စုဆောင်းထားရန်၊ ချိုင့်၊ ကျင်း၊ မြောင်း စသည့် ရေလွှမ်းချိန်တွင် အန္တရာယ်ရှိသည့်နေရာ များ ကို မှတ်သားထားရန်၊ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ လေလုံ ပိတ် ရေပုံးလွတ်အပါအဝင်  ရေပေါ်နိုင်သည့်  အသက်ကယ်ပစ္စည်းများ  ကြိုတင်ပြင်ဆင်ထားရန်၊ တောင်ပေါ်ဒေသ၊ မြစ်ဖျားချောင်းဖျားတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် လျှပ်တစ်ပြက်ရေကြီး နိုင်ကြောင်း   သတိပြုရန်၊ အန္တရာယ်ရှိသည့် မြစ်ချောင်း၊ တောင်ကျချောင်းများ အနီးနှင့် မြေပြိုမှုများ  ဖြစ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ရန်၊ လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းချိန် အလွန် နည်းသောကြောင့် ညအချိန်တွင် ပိုမိုဂရုပြုနေထိုင်ရန်၊ မလွှဲမရှောင်သာ ရေထဲဖြတ်သွားရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားရန်၊ မြွေနှင့် အဆိပ်ရှိသတ္တဝါများ  အန္တရာယ်သတိပြုရန်   စသည့်အချက်များ ပါဝင်ရာ   နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်လည်း  အသိပေးလျက်ရှိ ပါကြောင်းနှင့်   လေ့လာမှတ်သားကာ   ကြိုတင်ပြင်ဆင်ကြခြင်း ဖြင့်   သဘာဝဘေးအန္တရာယ်   အမှန်တကယ်ကျရောက်လာချိန် တွင်   ထိခိုက်မှုအနည်းဆုံးဖြစ်အောင်   ရှောင်ရှားနိုင်ကြမည်ဖြစ် ပါကြောင်း။          ။