ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

 

နေပြည်‌တော်  စက်တင်ဘာ  ၆


တရားမဝင်ကုန်စည်များ  တားဆီးထိန်းချုပ်ရေးအတွက်   ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို    ဌာနဆိုင်ရာ  ပူးပေါင်း အဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး  ၂၀၂၁ ခုနှစ်   စက်တင်ဘာ ၅ ရက်တွင်   မန္တလေး- မူဆယ်  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်  ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၇၂ စီး၊ သွင်းကုန် ၄၂ စီး၊    ရန်ကုန် - မြဝတီ  လမ်းမကြီးတစ်လျှောက်  ကုန်သွယ်မှုယာဉ်သွင်းကုန် ၂၁၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။ 
အဆိုပါ      စစ်ဆေးရေးစခန်းများက    တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို    စစ်ဆေးမှုများ    ပြုလုပ်ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာ ၅ ရက်တွင်    ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု၊    ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၀၅ သန်းတန်ဖိုးရှိ     တရားဝင်  စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း  မရှိသည့် Lactasoy (125 ml x 60)  (100 Pkgs) ၊ (300ml x 36) (20 Pkgs)  နှင့်  Lipovitan-D (100 ml x 50) (25 Pkgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။                       
သတင်းစဉ်