ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ  တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၂၅


တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက်  ရေပူနှင့် မရမ်းချောင်   အမြဲတမ်းစစ်ဆေး ရေးစခန်းတို့ကို    ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး   ဩဂုတ်  ၂၄  ရက်တွင်     မန္တလေး-မူဆယ် ပြည်ထောင်စု      လမ်းမကြီး တစ်လျှောက်  ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၆ စီး၊ သွင်းကုန် ၁၂ စီး၊ ရန်ကုန်-မြဝတီ      လမ်းမကြီး တစ်လျှောက်  ကုန်သွယ်မှုယာဉ် သွင်းကုန် ၁၉၁ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။


အဆိုပါ  စစ်ဆေးရေးစခန်း များက  တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို    စစ်ဆေးမှု များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၄ ရက်တွင် မရမ်းချောင် အမြဲတမ်း   စစ်ဆေးရေးစခန်းက တားဆီးမှုတစ်မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ်  ၀  ဒသမ  ၃၅၀  သန်း တန်ဖိုးရှိ    တရားဝင်စာရွက် စာတမ်းတစ်စုံတစ်ရာ     တင်ပြ နိုင်ခြင်းမရှိသော     အကောက် ခွန်မဲ့    Lactasoy  Soy   Milk  (125 mlx60)  (50  Pkgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။ 


သတင်းစဉ်