
နေပြည်တော် သြဂုတ် ၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၀-၈-၂၀၂၄ ရက် (စနေ နေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၂)တွင် အခြားသူများကဲ့သို့ စွမ်း ဆောင်နိုင်စွမ်းမရှိဟု စိတ်အား ငယ်နေရာမှ သူ၏အစွမ်းအစ ကို သိရှိသွားသော ဘဲလေး အကြောင်းကို ရေးဖွဲ့ထားသည့် “အစွမ်းကိုယ်စီ” မျက်နှာဖုံး ကာတွန်း၊ အသံလှိုင်းများဖြစ်ပေါ်လာပုံနှင့် အသံလှိုင်း၏ အတိုးအကျယ်ကို ဗဟုသုတ ဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အသံ လှိုင်း” သုတဆောင်းပါး၊ ကျောင်း အားလပ်ရက်တွင် ရပ်ကွက်သန့်ရှင်းရေးလုပ်ရာ၌ အကူအညီပေးခဲ့သော မိဆုတို့ သူငယ်ချင်းများ အကြောင်းကို ရေးဖွဲ့ထားသည့် “မိဆုနဲ့မိုးရာသီ” နှစ်မျက်နှာ ကာတွန်း၊ မိမိတို့၏ အယူအဆ အမှားကြောင့် သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ဆောင်မိ၍ နောင်တရသွား သော မောင်ကြီးနှင့် မောင်ငယ် တို့ ညီအစ်ကိုနှစ်ဦး အကြောင်း ကို ရေးဖွဲ့ထားသည့် “ညီအစ်ကို နှစ်ဦးနှင့် မြည်းလေး” ပုံပြင်၊ ရွှေသွေးဂျာနယ်တွင် ထည့်သွင်း နိုင်ရန် စာရေးဆရာများနှင့် ကာတွန်း ဆရာများထံမှ စာမူ နှင့် ကာတွန်းဒီဇိုင်းများ ပို့ပေး နိုင်ရန် ကြော်ငြာသည့် “ရွှေသွေး ဂျာနယ်သို့ စာမူနှင့် ကာတွန်း ဒီဇိုင်းများပေးပို့ရန် ဖိတ်ခေါ် ခြင်း” ကြော်ငြာ၊ မုန့်ကိုတက် သော ပုရွက်ဆိတ်များသည် လက်ဆေး မထားသောကြောင့် ပုရွက်ဆိတ် တက်ထားသော မုန့်ကိုမစားလိုသော ဖိုးတစ်တို အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ အစ်မ ဖြစ်သူ၏ စကားကိုနားမထောင် ဘဲ အပြင်ထွက်၍ ကစားမိ သဖြင့် ခွေးလိုက်ခံခဲ့ရသော လင်းထက်အကြောင်းကို ရေးဖွဲ့ ထားသည့် “လင်းထက်- လိမ္မာ ပါ” နှစ်မျက်နှာကာတွန်း၊ ခွင့်စာ ကို လိမ်ညာရေးသဖြင့် ဆရာမ ၏ အပြစ်ပေးခြင်းကိုခံရသည့် ဘုန်းဆင့်သူ အကြောင်းကို ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ ပါဝင်သော ခွင့်စာ” နှစ်မျက်နှာ ကာတွန်း၊ ပြောင်းရွှေ့နေထိုင် မည့် အိမ်အသစ်တွင် ရေဖွင့်ပေး ရန် ရေပေးဝေရေးကုမ္ပဏီအား အကြောင်းကြားပုံကို ပြောဆိုပုံ အမျိုးမျိုးနှင့် ရေးဖွဲ့ထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ် စာကဏ္ဍ၊ ကလေးလက်ရာ ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူ ရရှိနိုင်သည်။
သတင်းစဉ်