
နေပြည်တော် ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရေဦး မြို့နယ်၌ ကလေးမွေးဖွားမည့် လူနာကို လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုး သမီးတစ်ဦး သေဆုံးခဲ့ပြီး လူမှု ကူညီရေးယာဉ် ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် တန့်ဆည်မြို့ ဗိုလ်မြရပ်ကွက်နေ မအေးမာထွန်း (၂၃နှစ်) (ဘ)ဦးကျောက်လုံးသည် ၎င်း၏အစ်ကိုဖြစ်သူ ကိုရဲအောင် နှင့်အတူ ၎င်း၏ ဇနီး မသန်းသန်း အေး ကလေးမွေးဖွားရန်အတွက် ရေဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ တန့်ဆည်မြို့ လူမှုကူညီရေး အသင်းယာဉ်ဖြင့် ထွက်ခွာလာခဲ့ ရာ နံနက် ၅ နာရီခွဲတွင် ရေဦးမြို့နယ် ဆပ်သေကျေးရွာအနီး အရောက် PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲ မှုကြောင့် မအေးမာထွန်းတွင် နောက်ကျောမိုင်းစထိမှန် ဒဏ်ရာ၊ ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ များ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လူနာတင်ယာဉ် မှာလည်း အနည်းငယ်ပျက်စီး ဆုံးရှုံးခဲ့သည်။
ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များအား ဖမ်းဆီးခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ကျန်းမာရေးကိစ္စရပ်များ အတွက် ကူညီဆောင်ရွက်ပေးနေ သည့် လူမှုကူညီရေးယာဉ်များပါ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သေနတ် ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း များပြုလုပ်လာသည်ကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေ လုံခြုံရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်း များအား တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်