ရေယာဉ်နှစ်စင်းတိုက်မှုဖြစ်ပွားရာ တစ်စင်းနှစ်မြုပ်ပြီး တန်ဖိုးငွေကျပ်သိန်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံး

 

နေပြည်တော်  ဇန်နဝါရီ  ၁၉

 


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်၌ ဇန်နဝါရီ  ၁၈ ရက်တွင် ရေယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွား ပြီး တန်ဖိုးငွေကျပ်သိန်း ၂၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း        သိရ သည်။

 


ရေယာဉ်နစ်မြုပ်

 

ဖြစ်စဉ်မှာ နံနက် ၇ နာရီတွင် ဘိုကလေးမြို့နယ်     ပျဉ်ဘိုကြီး ကျေးရွာအုပ်စု ဓမ္မသုခ ချွန်းထိပ် ဘိုကလေးမြစ်အတွင်း၌ ရေယာဉ် တိုက်မိမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သည့်ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ   နံနက်   ၁   နာရီခွဲ၌ ဧရာကျေးရွာမှ   ဘိုကလေးမြို့သို့ ပြေးဆွဲနေသော ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာနေ     ဦးလှထွေး (၆၅နှစ်) မောင်းနှင်ပြီး   သင်္ဘော သား လေးဦး၊ ခရီးသည်   ၁၂  ဦး (အမျိုးသား ငါးဦး၊    အမျိုးသမီး ခုနစ်ဦး)တို့   လိုက်ပါလာသည့် အလျား ၄၉ ပေ၊ ဗြက်  ၁၉ ပေ၊ ဇောက် ရှစ်ပေရှိ    “သီဟဇော်” ရေယာဉ်နှင့်  ဘိုကလေးမြို့ဘက် မှ    ကဒုံကနိကျေးရွာဘက်သို့ ကြည့်မြင်တိုင်မြို့နယ်    ကရင် အမျိုးသားရပ်ကွက်နေ ဦးမျိုးမြင့် (၅၄နှစ်)     မောင်းနှင်လာသည့် အလျားပေ ၁၅၀၊ ဗြက် ၂၂ ပေ၊ ဇောက် ၁၀ ပေရှိ ငါးဖမ်းစက်လှေ တို့ တိုက်မိခဲ့သဖြင့် “သီဟဇော်” ရေယာဉ်မှာ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

 


လူထိခိုက်ဒဏ်ရာမရှိ


အခင်းဖြစ်နေရာသို့    ဧရာ ဝတီ     ရေတပ်စခန်းဌာနချုပ် (ဗိုလ်တထောင်) မှ တပ်မတော် သားများက     စစ်ရေယာဉ်ဖြင့် သွားရောက်ကယ်ဆယ်ခဲ့ရာ ခရီး သည် ၁၂ ဦး၊ သင်္ဘောသား လေးဦး တို့ကို  ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့ပြီး      ရေယာဉ် တိုက်မှုကြောင့်       ရေယာဉ်ပေါ် တင်ဆောင်လာသည့်    ရေခဲပုံး ၄၃ ပုံး၊ ငါးခြောက်အိတ် သုံးအိတ်၊ ငါးပုတ်လုံး နှစ်လုံး၊ ဖော့သေတ္တာ ခုနစ်လုံး၊         ဆိုင်ကယ်တစ်စီး၊ သင်္ဘောပျက်စီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၂၀၀   ခန့်  ဆုံးရှုံးခဲ့ ကြောင်းနှင့် ဥပဒေနှင့်အညီ အရေး ယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။      

 

ရဲပြန်ကြား