ရှေးယခင်ကပြုခဲ့သော ကောင်းမှုကုသိုလ်ရှိခြင်းသည် မင်္ဂလာမည်၏

Type

 


 

ကျော်ကျော်လှိုင်

 

ကုသိုလ်ဆိုသည်မှာ ကောင်းသည့်အလုပ်ဖြစ်ပါသည်။ အကုသိုလ်ဆိုသည်မှာ မကောင်းသည့်အလုပ်ဖြစ်ပါသည်။ ကံကောင်းသည်၊ ကံမကောင်းသည်ဟု ကျွန်တော်တို့အမြဲ ပြောဆိုသုံးစွဲပါသည်။ ကံဆိုသည့် ဝေါဟာရသည် ပါဠိမှလာခြင်းဖြစ်ပြီး အလုပ်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ကံကောင်းရန် အလုပ်ကောင်းဖို့ လိုပါသည်။ ရှေးယခင်က ပြုခဲ့သည့် ကောင်းသောအလုပ်များ ရှိမှသာလျှင် ယနေ့ ကံကောင်းပါမည်။ တစ်နည်းပြောရလျှင် ကျောင်းသားသည် စာမှန်မှန် ကျက်ရန်လိုပါသည်။ စာမှန်မှန် ကျက်ခြင်း သည် အလုပ်ကောင်းခြင်းဖြစ်ပါသည်။ စာမှန်မှန်ကျက်သော ကျောင်းသားသည် အချိန်ကျသည့်အခါ စာမေးပွဲအောင်ပါသည်။ အလုပ်ကောင်း၍ ကံကောင်းခြင်းကို ရပါ သည်။ တစ်နှစ်တစ်တန်း   မှန်မှန်အောင်ပြီး   နှစ်စဉ် ကြိုးစားခဲ့သည့် ကျောင်းသားသည်လည်း တက္ကသိုလ်ဝင်တန်းကို အခက်အခဲမရှိ အောင်မြင်မှာဖြစ်ပြီး မိမိလိုချင်သည့် တက္ကသိုလ်ကို သွားခွင့်ရမှာ ဖြစ်ပါသည်။


မိမိအလုပ်ကို အစဉ်အမြဲ ကြိုးစား လုပ်သူသည်  ရှေးယခင်က   ပြုခဲ့သည့် ကောင်းမှုကုသိုလ်ရှိသည်ဟု   ဆိုနိုင်ပါ သည်။   တစ်ချိန်တွင်   ဤကောင်းမှု ကုသိုလ်က မိမိကို အောင်မြင်မှုများ ဖြစ် စေပါမည်။ ယနေ့  လူငယ်အများစုသည် အလုပ်တစ်ခုတွင် အချိန်ပေးပြီး ကြိုးကြိုး စားစား လုပ်သည်ထက် ပိုကောင်းသော အလုပ်၊ လခပိုရသောအလုပ်ကို တစ်ခုပြီး တစ်ခု ပြောင်းနေကြပါသည်။ အင်တာ နက်ခေတ် တိုးတက်လာသည့်အတွက် သတင်းအချက်အလက်များသည် လျင်မြန် စွာ ပျံ့နှံ့ရောက်ရှိသွားပါသည်။ ဖေ့စ်ဘွတ် ကဲ့သို့      ဆိုရှယ်မီဒီယာများမှတစ်ဆင့် စက္ကန့်ပိုင်း၊  မိနစ်ပိုင်းအတွင်း  သတင်း အချက်အလက်များသည် လူတိုင်းဆီသို့ ရောက်သွားသည်။   သတင်းအချက် အလက်တွေ        မြန်လာသည်နှင့်အမျှ လူငယ်များ၏  စိတ်တွေလည်း   မြန်လာ သည်။


အောင်မြင်မှုကို မြန်မြန် လိုချင်လာ သည်။  သို့သော်   လူငယ်တော်တော် များများ   မေ့နေသည်က   ခေတ်တွေ ပြောင်း၍ မြန်လာသော်လည်း  လောက နိယာမများက ပြောင်းလဲခြင်းမရှိ တည် မြဲနေဆဲ ဖြစ်ပါသည်။ လောကနိယာမ များကို လိုက်နာကျင့်သုံးမှ အောင်မြင်မှု ကို ရမည်။


သစ်စေ့နိယာမ


ဥပမာအနေဖြင့်  သစ်စေ့နိယာမကို ရှင်းပြလိုပါသည်။ စပါးစိုက်သော လယ် သမားသည်   စပါးမစိုက်မီ  အားစိုက်၍ လယ်ကို    ပြုပြင်ထွန်ယက်ရပါသည်။ ထို့နောက် စပါးကိုပျိုး ရပါသည်။ အရွယ် ရောက်လာသည့် ပျိုးပင်များကို ပြုပြင် ထားသည့်လယ်ထဲသို့  ပြောင်းစိုက်ရပါ သည်။  ကြားပေါင်းလိုက်ရပါသည်။  လို အပ်သလို    ရေသွင်းရေထုတ်   လုပ်ရပါ သည်။ ပိုးမွှားမကျအောင် ကာကွယ်ရပါ သည်။  သုံးလကျော်  အားစိုက်ထုတ်မှ စပါးကိုရပါသည်။ ယနေ့ပျိုးထောင်ပြီး မနက်ဖြန် စပါးမရပါ။ အားစိုက်ထုတ်ရ သလို အချိန်လည်းပေးရပါသည်။ လယ် သမားသည်   အားစိုက်၍    ကောင်းမှု ကုသိုလ်လုပ်ခြင်းကြောင့်  စပါးကို  ရပါ သည်။


ကျွန်တော်တို့သည်  အောင်မြင်မှုကို အလိုရှိလျှင်  အားစိုက်၍   ကောင်းသော အလုပ်ကို လုပ်ရပါမည်။ အချိန်ပေးရပါ မည်။ ကောင်းသောအလုပ်ကို လုပ်ခြင်း သည်  အနာဂတ်အတွက်   ကောင်းမှု ကုသိုလ် လုပ်နေခြင်းဖြစ်ပါသည်။
“ဘာသင်တန်းပဲတက်တက်၊ ဘာ အလုပ်ပဲလုပ်လုပ်   အကောင်းဆုံးဖြစ် အောင် လုပ်ဖို့ဆိုသည်မှာ ရှေးယခင်က ပြုခဲ့သည့်   ကောင်းမှုကုသိုလ်ရှိအောင် ကြိုးစားအားထုတ်ခိုင်းခြင်း       ဖြစ်ပါ သည် …”


မြန်မာစကားပုံများ


ကောင်းသောအလုပ်နှင့် ပတ်သက်၍ မြန်မာစကားပုံများကလည်း လမ်းညွှန် ထားပါသည်။ “ကံမခိုင်   သံတိုင် အိမ် ဆောက်သော်လည်း   ကံမှောက်လျှင် ကျိုး”   ဆိုသည့်    စကားပုံရှိပါသည်။ အကျယ်ဖွင့်ပြီး စဉ်းစားလျှင် ကုသိုလ်ကံဇာတာညံ့သည့်အချိန်ဖြစ်ပါက သံတိုင်ကို အိမ်ထူ၍  ဆောက်စေကာမူ  သံတိုင် ကျိုးသည့်အဖြစ်နှင့် ကြုံရမည်ဟု ဆိုလို ပါသည်။   အစကတည်းက    ကောင်းသော အလုပ်ကို  စေ့စေ့စပ်စပ်  သေသေချာချာ ကြိုးစားမလုပ်ခဲ့လျှင် ကုသိုလ်ကံဇာတာ ညံ့မည်သာ ဖြစ်ပါသည်။ “အစကောင်းမှ အနှောင်းသေချာသည်”     ဆိုသကဲ့သို့ စတင်သည့် အချိန်မှ စ၊ လယ်၊ ဆုံး အလုပ် ကို နည်းလမ်းမှန်မှန်ဖြင့် ကြိုးစားအား ထုတ်မှသာ အနာဂတ်တွင် ရှေးယခင်က ပြုခဲ့သော      ကောင်းမှုကုသိုလ်များ၏ အကျိုးကို  မင်္ဂလာတရားတော်နှင့်အညီ ခံစားရပါမည်။


အင်္ဂလိပ်စကားပုံများ


အလုပ်တစ်ခုကို   သေသေချာချာ ပြင်ဆင်လုပ်ကိုင်ခြင်းနှင့်      ပတ်သက်၍ အင်္ဂလိပ်တွင်လည်း    စကားပုံရှိပါသည်။ ဆီလျော်အောင်ပြန်ရလျှင် “အလုပ်တစ်ခု ကို ပြင်ဆင်မှုမရှိဘဲနှင့် လုပ်ခဲ့မယ်ဆိုရင် တော့ အောင်မြင်ဖို့ထက် ကျဆုံးဖို့ပဲ များ မယ်” ဟု စကားပုံက ဆိုပါသည်။  ပြင်ဆင် မှုဆိုသည်မှာ ရှေးယခင်က ကောင်းမှုပင် ဖြစ်ပါသည်။ ဘဝမှာ လူရယ်လို့ဖြစ်လာ လျှင်    နေ့စဉ်   ကောင်းမှုလုပ်ရန်လိုပါ သည်။
လောကသာရပျို့
ကန်တော်မင်းကျောင်းဆရာတော် ဘုရားရေးသားတော်        မူအပ်သော လောကသာရပျို့တွင်လည်း-


“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမ သား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိ မြင်၊ တတ်အောင်သင်လော့၊ ပေါ့လွင်မပြု၊ ကောင်းရာတုလျက်၊       ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊       ကောင်းကျိုး ကိုယ်၌ တည်စေမင်း”ဟု ဆုံးမခဲ့ပါသည်။
ကောင်းသည့်အလုပ်ကို  မြတ်နိုး၍ ကောင်းအောင်ကြိုးစားပြီး   ကုသိုလ် ကောင်းမှုပြုရန် ပြောခဲ့ပါသည်။ နေ့စဉ် စိတ်ထားကောင်းအောင် ပြုစုပျိုးထောင် ရပါမည်။   မိတ်ဆွေသင်္ဂဟများအောင် နေ့စဉ်          ကြိုးစားအားထုတ်ရပါမည်။ အများအကျိုးကို  ဆောင်ရွက်ရပါမည်။ လူအများကို ထိခိုက်နိုင်သည့် အလုပ်၊ အပြောအဆို အပြုအမူများကို ရှောင်ရှား ရပါမည်။ နေ့စဉ်ကောင်းမှု ပြုလုပ်ခြင်း သည်   ပုဗ္ဗေစ   ကတပုညတာဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ   ရှေးယခင် က ပြုခဲ့သည့် ကောင်းမှုကုသိုလ် တိုးပွား အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။


အစက်များကို ဆက်ခြင်း


ရှေးယခင်က    ကောင်းသည့် အလုပ် ကို လုပ်ခဲ့၍ အောင်မြင်ခဲ့သည့် လူတစ် ယောက်ကိုလည်း     တင်ပြလိုပါသည်။ ကွယ်လွန်သွားပြီ     ဖြစ်သည့်   အဲပယ် (Apple) ၏ ဖခင်ကြီး စတိဗ်ဂျော့ (Steve Jobs) ဖြစ်ပါသည်။ 


စတိဗ်ဂျော့သည်  ဘွဲ့မရပါ။   ရိဒ် ကောလိပ် (Reed College) တွင် ပထမ နှစ်တက်နေစဉ် မိဘငွေကို  မဖြုန်းချင်၍ ကျောင်းမှ  ထွက်ခဲ့ပါသည်။ ကျောင်းက ထွက်လိုက်သော်လည်း ကျောင်းမှာပင် စတိဗ်ဂျော့က ဆက်နေပါသည်။ ကျောင်း လခ မပေးရသော သင်တန်းများကို ရှာ၍ စတိဗ်ဂျော့က လိုက်တက်ပါသည်။ ရိဒ် ကောလိပ်၏ Calligraphy ခေါ် လက်ရေး လှသင်တန်းသည် အလွန်နာမည်ကြီးပါ သည်။ ကျောင်းလခလည်း   မပေးရ၍ စတိဗ်ဂျော့ တက်ပါသည်။ နောက်ပိုင်း အဲပယ်ကုမ္ပဏီ     အောင်မြင်လာသည့် အချိန် အဲပယ်မှာ  လာအလုပ်လုပ်သည့် ဘွဲ့ရကျောင်းသူ  ကျောင်းသား   တော် တော်များများသည်  စတင်းဖို့တက္ကသိုလ် (Stanford)မှ ဖြစ်သည်ကို  စတိဗ်ဂျော့ သတိထားမိပါသည်။        စတင်းဖို့ တက္ကသိုလ်သည်    အိုင်တီပညာတွင် နာမည်ကြီးပါသည်။ စတင်းဖို့ တက္ကသိုလ် က ဖိတ်ကြား၍ စတင်းဖို့တွင် “အစက် များကို ဆက်ခြင်း” ဆိုသည့် ကမ္ဘာကျော် မိန့်ခွန်းကို  စတိဗ်ဂျော့  ပြောခဲ့ပါသည်။ မိန့်ခွန်းတွင်   “ဘာသင်တန်းပဲ  တက် တက်၊ ဘာအလုပ်ပဲ လုပ်လုပ် အကောင်း ဆုံး ဖြစ်အောင် လုပ်ဖို့၊ စိတ်နှစ်ပြီး လုပ်ဖို့၊ သင်နေတဲ့ပညာက  အနာဂတ်တွင် ဘယ် နေရာမှာ အသုံးကျမလဲဆိုတဲ့ အတွေးကို မစဉ်းစားဖို့၊ မိမိအကောင်းဆုံးသင်ယူခဲ့သည့်ပညာများ၊   အကောင်းဆုံး  လုပ်ခဲ့ သည့်   အလုပ်များသည်  တစ်ချိန်တွင် အစက်များကိုဆက်၍ အရုပ်ဖော်သကဲ့သို့ သူ့နေရာနှင့်သူ အသုံးဝင်မည်ဖြစ်ကြောင်း၊ လက်ရေးလှသင်တန်းကို         တက်ခဲ့၍ ယနေ့ အဲပယ်ကွန်ပျူတာများတွင် ဖွန့် (font) လှလှများကို    မြင်ရခြင်းဖြစ် ကြောင်း” စသဖြင့် ပြောခဲ့ပါသည်။


စတိဗ်ဂျော့ မိန့်ခွန်းမှာ   ပြောခဲ့သည့် “ဘာသင်တန်းပဲတက်တက်၊  ဘာအလုပ် ပဲ လုပ်လုပ်အကောင်းဆုံး  ဖြစ်အောင်လုပ် ဖို့” ဆိုသည်မှာ ရှေးယခင်ကပြုခဲ့သည့် ကောင်းမှုကုသိုလ်ရှိအောင်   ကြိုးစား အားထုတ်ခိုင်းခြင်း  ဖြစ်ပါသည်။ ယနေ့ လူငယ်များလည်း ကျောင်းတစ်ကျောင်း ပြီးတစ်ကျောင်း  ပြောင်း၍  ဘွဲ့လက်မှတ်၊ အောင်လက်မှတ်များ  စုဆောင်းနေရုံနှင့် ကျေနပ်မနေသင့်ပါ။   မိမိသင်နေသည့် ပညာရပ်တွင် အကောင်းဆုံးဖြစ်အောင်၊ အကျွမ်းကျင်ဆုံးဖြစ်အောင်    လေ့လာ သင်ကြားစေချင်ပါသည်။       သို့မှသာ ရှေးယခင်ကပြုခဲ့သည့် ကောင်းမှုကုသိုလ် တွေ များလာပြီး အနာဂတ်တွင် ချမ်းသာ အောင်မြင်ကျော်ကြားသူများ ဖြစ်လာပါ မည်။ ယခင်က  မလုပ်ခဲ့လျှင်  ယနေ့ပင် စတင်၍ ပြုပြင်ပြောင်းလဲစေလိုပါသည်။ ယနေ့သည် အနာဂတ်အတွက် ပြင်ဆင် ရန်   အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ယနေ့ပြင်ဆင်မှ       အနာဂတ်လှပါမည်။ ယနေ့မှစ၍ ကောင်းမှုကို နေ့စဉ်ပြုလျှင် အနာဂတ်တွင် ရှေးယခင်က မိမိပြုခဲ့သော ကောင်းမှုကုသိုလ်ကြောင့်   ဧကန်မုချ ကောင်းကျိုးချမ်းသာကို    ရမည်ဖြစ်ပါ သည်။


နိဂုံးချုပ်အနေဖြင့် ဘဝကို ဆင်းဆင်း ရဲရဲ မွေးလာသည့်သူများကလည်း အတိတ် ကံ  မကောင်းလို့ပါဟု  ကံကိုသာ ပုံမချ သင့်ပါ။ စိတ်ဓာတ်မကျစေလိုပါ။ ယနေ့မှ စပြီး ကောင်းမှုကုသိုလ်လုပ်ပါ။ ကောင်းမှု ကုသိုလ်ဆိုသည်မှာ ကောင်းသောအလုပ် ကို လုပ်ခြင်းပါ။ လူတွေအပေါ်မှာ    မေတ္တာ   စေတနာထားပါ။ လူတွေကို  ကူညီပါ။ စိတ်ကောင်းထားပါ။  တရားသောနည်း ဖြင့် စီးပွားရှာပါ။ နေ့စဉ်   နေ့စဉ်   မိမိ အပြောအဆို အပြုအမူများကို မှန်ကန် အောင် ကြိုးစားအားထုတ်ပါ။ ဤကောင်းမှု ကုသိုလ်တွေများလာသည့်   အချိန်တွင်   ချမ်းသာအောင်မြင်မှုတွေ ရရှိပါမည်။ မိုက်ကရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင် ခဲ့သည့်  ဘီလ်ဂိတ်၏   အဆိုမှာလည်း အလွန်မှတ်သားဖို့        ကောင်းပါသည်။ “ဆင်းဆင်းရဲရဲနှင့်  မွေးလာတာ ကိုယ့် အပြစ် မဟုတ်ပါ။ ဒါပေမဲ့ ဆင်းဆင်းရဲရဲ နှင့် သေသွားရင်တော့ ကိုယ့်အပြစ်ပါ” ဟု ဘီလ်ဂိတ်က ဆိုပါသည်။


“မှတ်သားစရာ”
နေ့စဉ် ကြိုးစား၍ ကောင်းမှုကုသိုလ် များပြုလုပ်လျှင်
 ကောင်းမှုကုသိုလ်၏အကျိုးကို တစ်ချိန်တွင်  မုချခံစားရပါမည်။

 

ကျမ်းကိုး 
၁။     မြန်မာစကားပုံ။ မြန်မာစာအဖွဲ့ 
        ဦးစီးဌာန။ 
၂။    လောကသာရပျို့။ ကန်တော်မင်း 
        ကျောင်းဆရာတော်။ 
၃။    Connecting the Dots by Steve 
        Jobs.