ရီပတ်ဘလီကင်သမ္မတလောင်းအဖြစ် တင်သွင်းခံရပြီးနောက် လူအများရှေ့ ဒေါ်နယ်ထရမ့် ထွက်ပေါ်လာ

 

ဝါရှင်တန်   ဇူလိုင်   ၁၆


ဒေါ်နယ်ထရမ့်သည်         မဲဆွယ်စည်းရုံးပွဲတစ်ခု၌ သေနတ်ပစ်ခတ်လုပ်ကြံခံရမှုမှ      လွတ်မြောက်ပြီးနောက် နှစ်ရက်အကြာတွင် ရီပတ်ဘလီကင်ပါတီ၏ သမ္မတလောင်းအဖြစ်   တရားဝင်   အမည်စာရင်း တင်သွင်းခံခဲ့ရကြောင်း သိရသည်။


၎င်းသည် တနင်္လာနေ့က ဝစ္စကွန်ဆင်ပြည်နယ်  မီလ်ဝေါကီးမြို့၌  စတင်ခဲ့သော  ရီပတ်ဘလီကင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။ ၎င်းသည် စနေနေ့က    ပင်ဆယ်ဗေးနီးယားပြည်နယ်    မဲဆွယ် စည်းရုံးပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်လုပ်ကြံခံရ ပြီးနောက် ပထမဆုံးအကြိမ် လူအများရှေ့မှောက် ထွက်ပေါ်လာခြင်းဖြစ်သည်။


သမ္မတဟောင်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့သော  ညာဘက်နားရွက်ကို  ပတ်တီးစည်းထားပြီး ၎င်းကို ထောက်ခံသူများအား  လက်ဝှေ့ယမ်း  နှုတ်ဆက်၍ ပြုံးပြခဲ့သည်။  ထရမ့်သည်  ညီလာခံ၌  ပြည်နယ် ကိုယ်စားလှယ်အများစု၏     ထောက်ခံမှုကို    ရရှိခဲ့ သည်။ အိုဟိုင်းယိုးပြည်နယ်      အထက်လွှတ်တော် အမတ် ဂျေဒီဗန့်စ်ကိုလည်း နိုဝင်ဘာလတွင် ကျင်းပ မည့်    သမ္မတရွေးကောက်ပွဲအတွက်     ပူးတွဲအရွေး ခံမည့်သူအဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။


အသက်  ၃၉  နှစ်အရွယ် အထက်လွှတ်တော် အမတ်သည်   ထရမ့်၏  America  First  မူဝါဒကို အခိုင်အမာ    ထောက်ခံသူအဖြစ်   လူသိများသည်။ ထရမ့်သည် ကြာသပတေးနေ့ ညီလာခံနောက်ဆုံးနေ့တွင် သမ္မတလောင်းအဖြစ် လက်ခံသည့် မိန့်ခွန်းကို ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။      

                      
အင်န်အိတ်ချ်ကေ