ရီးရဲမက်ဒရစ်ခံစစ်ကစားသမား ဗာရာနီကို မန်ယူခေါ်ယူရန် နီးစပ်လာ

 

 

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် ရီးရဲမက်ဒရစ်အသင်းမှ အသက် ၂၈ နှစ် အရွယ်ရှိ ပြင်သစ် ခံစစ်ကစားသမား ရာဖေးလ် ဗာရာနီ ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘော တူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ 
ရီးရဲမက်ဒရစ်အသင်းကလည်း ဗာရာနီကို ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင်   ရောင်းချရန်  ရည်ရွယ်နေခြင်းကြောင့် အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိနေသည်။ ဗာရာနီသည် ရီးရဲမက်ဒရစ်အသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ တစ်နှစ်  ကျန်ရှိနေသေးသည်။ ရီးရဲမက်ဒရစ်သည် ဗာရာနီ၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ထားသော်လည်း မန်ယူက ပေါင်သန်း ၅၀ ဖြင့် ‌ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်သည်။  အခြား ဆက်စပ်သတင်းတစ်ရပ်တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှ  ဂျေဆန်ဆန်ချိုသည် မန်ယူနှင့် ဆေးစစ်မှုခံယူမည်ဟု ဖော်ပြထားသည်။  မန်ယူသည်  အဆိုပါကစားသမားကို ပေါင် ၇၃ သန်းဖြင့် ခေါ်ယူရန် ဒေါ့မွန်နှင့် သဘောတူညီထားသည်။                     အောင်ဇော်