ရှိနေပြီးဖြစ်သည့်လမ်းကြောင်း ဖွင့်လှစ်ထားဆဲဖြစ်သည့်တံခါး

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်တို့ရှိ မြို့နယ်များ၊ ဒေသများတွင်     အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအပါအဝင် အခြားမြို့၊ ရွာများမှာ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းလျက် အခြေမပျက်နေထိုင်နိုင်ခဲ့ကြသည်။ နယ်မြေများမှာ   ဆက်စပ်နေသည့်အလျောက်   အကြမ်းဖက် တိုက်ခိုက်မှုများမှ   တိမ်းရှောင်လာသည့်   ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား စာနာစိတ်ဖြင့် ကူညီ စောင့်ရှောက်မှုများ ဝတ္တရားမပျက်ပြုလုပ်ပေးလျက်ရှိရာ ဆီဆိုင်၊ ပင်လောင်းစသည့်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့များတွင် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများ ထောင်နှင့်ချီ၍ ခိုလှုံနေထိုင်နေကြရသည်။


တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများ၊ စစ်တလင်းဘဝသို့ ကျရောက်ရသည့် မြို့ရွာများဟူသည်မှာ အပြစ်မဲ့ပြည်သူတို့အဖို့ အသက်အိုးအိမ်စည်းစိမ်အာမခံချက်မရှိသည့်နေရာ၊ တရားဥပဒေ စိုးမိုးမှုပျက်ပြားပြီး စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရားတို့ ကြီးစိုးသည့်နေရာဖြစ်သည့်အလျောက် တိုက်ခိုက်မှုများ ဖြစ်ပွား လာသည့်အခါ  မိမိတို့တစ်သက်တာနေထိုင်ခဲ့ကြသည့်  မြို့ရွာများ ကို စွန့်ခွာထွက်ပြေးကြရသည်။ ယာယီနေရပ်စွန့်ခွာသူများဟု ဆိုစေကာမူ ယာယီဟူသောအချိန်ကာလသည် မည်ရွေ့မည်မျှ ကြာမြင့်မည်ကို မည်သူမျှမသိနိုင်။ ပြီးခဲ့သည့်ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းနှင့် ၂၁ ရက်နေ့တို့တွင်  ဟိုပုံးမြို့နယ်  စံဖူးကျေးရွာ တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဆိုလျှင် ကျေးရွာသားတို့ခမျာ မဖိတ် ခေါ်ဘဲ ရောက်လာသည့် ကြမ္မာဆိုးနှင့်ကြုံတွေ့ခဲ့ကြရရှာသည်။ ထို့အပြင် ယာယီနေရပ်စွန့်ခွာပြည်သူများ ထောင်နှင့်ချီ၍ ခိုလှုံနေ ကြရသည့် ဆီဆိုင်မြို့ဘက်တွင်လည်း တိုက်ခိုက်မှုများဖြစ်ပေါ် လျက်ရှိကြောင်း စိတ်မကောင်းဖွယ်သတင်းများကိုလည်း ကြားရ သည်။ တည်ငြိမ်အေးချမ်းမှုရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊    စစ်တလင်းမဖြစ်  ဖြစ်စေရန်    ဖန်တီးနေပြီ ဖြစ်သည်။


ဒေသခံများအပါအဝင်   တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံး၏အကျိုးစီးပွားကိုအမှန်တကယ်လိုလားသည့် အဖွဲ့အစည်း များအနေဖြင့် မိမိတို့အကျိုးစီးပွား၊ မိမိအဖွဲ့အစည်းအကျိုးစီးပွား ထက် ပြည်သူအကျိုးစီးပွားကို ဦးထိပ်ထားကြရမည်ဖြစ်သည်။ မြို့ရွာဒေသများအတွင်း လက်နက်ကိုင်တိုက်ပွဲများဖော်ဆောင် ကာ နယ်မြေကို စစ်တလင်းဖြစ်စေခြင်းဖြင့် ဒေသတွင်းနေပြည်သူ များမှာ တိုက်ပွဲရှောင်နေရပ်စွန့်ခွာဘဝသို့ ရောက်ကြရမည်ဖြစ် သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ် ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း” ပြောကြားခဲ့ရာ နိုင်ငံရေးလိုလား ချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် လက်နက် ကိုင်ပဋိပက္ခအနိဋ္ဌာရုံများကို ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။


လက်နက်ကိုင်တိုက်ပွဲများဖော်ဆောင်နေခြင်း၊ ပဋိပက္ခ ပိုမို ကြီးထွားလာအောင် ချဲ့ထွင်ခြင်းနှင့် အကြမ်းဖက်ဖျက်ဆီးမှုများ အပါအဝင် ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်း၊ စစ်ရေးနည်းလမ်း တို့မှာ နိုင်ငံအတွက်၊ နိုင်ငံသူနိုင်ငံသားပြည်သူအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးမားသည်။ ရှိနေပြီးဖြစ်သည့်လမ်းကြောင်း၊ ဖွင့်ထားဆဲဖြစ်သည့်တံခါးတို့မှာ ငြိမ်းချမ်းရေးဆီသို့ ဦးတည်ထား ခြင်းဖြစ်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့် ဒေသအကျိုး ပြည်သူအကျိုးတို့ကို မှန်မှန်ကန်ကန် ထမ်းဆောင် နိုင်ကြပါစေကြောင်း။           ။