
မောင်တော ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ယနေ့နံနက်ပိုင်းက လသာကျေးရွာအုပ်စု လသာ အောက်ရွာရှိ နေအိမ် လေးလုံး မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား သည်။
မောင်တောမြို့ လသာ ကျေးရွာအုပ်စု လသာအောက် ရွာရှိ နေအိမ်များ မီးလောင် မှုဖြစ်ပွားနေကြောင်းသတင်း အရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး မှူး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ ဝင်များက မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် မီးလောင်ပြင်သို့ သွားရောက် မီးငြှိမ်းသတ်ခဲ့ ရာ ဦးရေဇူဘာ (၃၅)နှစ်၏ နေအိမ်အတွင်းရှိမီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင် ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်မှု နှင့်ပတ်သက်၍ ဦးရေဇူဘာ အား မြို့မရဲစခန်းတွင် အမှု ဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သက်လွင်စိုး
(ပြန်/ဆက်)