
စစ်တွေ ဩဂုတ် ၉
ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များအတွက် PPMRS စနစ်ဖြင့် ဖြည့်သွင်းနိုင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင် ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က စီမံကိန်းအကောင် အထည်ဖော်မှု အခြေအနေ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီ ရင်ခံခြင်းစနစ် Project Progress, Monitoring and Reporting System (PPMRS) သည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသော လုပ်ငန်း စီမံကိန်းများနှင့် လုပ်ငန်းများ ကို စိစစ်ရန်အတွက်သော်လည်း ကောင်း၊ လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ တိုးတက်မှုများကို အစီရင်ခံခြင်းအတွက်သော်လည်း ကောင်း ရေးဆွဲထားသော Online ဖြင့် ဆောင်ရွက်ရသည့် Software တစ်ခုဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား စီမံကိန်း အကောင်အထည်ဖော်မှု အခြေ အနေ စောင့်ကြည့်ကြီးကြပ်ခြင်း နှင့် အစီရင်ခံခြင်းစနစ်(PPMRS)ကို အသုံးပြု၍ပေးပို့ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ညွှန်ကြားထားကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ချေးငွေ၊ အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရ စီမံကိန်းဥပဒေများပါ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်း များနှင့် အခြားလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေ အနေများကို သုံးလပတ်အလိုက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများမှ လုပ်ငန်း စီမံကိန်း၊ လုပ်ငန်းများ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေ အနေများကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြည့်စုံမှန်ကန်စွာ ပေးပို့ရမည် ဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများ အနေဖြင့် ယနေ့ပို့ချသင်ကြား ပေးသော သင်ခန်းစာများကို သေချာစွာ လေ့လာသင်ယူကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်း ဦးစီးမှူး ဦးသန်းထွန်းအောင်က ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် များအတွက် PPMRS စနစ်ဖြင့် အသုံးပြု၍ ဖြည့်သွင်းနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးသန်းထွန်း အောင်က PPMRS စနစ်အသုံးပြု ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း သင်ကြားရာ သင်တန်းသား သင်တန်းသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)