ရှမ်းပြည်နယ်အစိုးရအဖွဲ့က လူမှုရေးအသင်းအဖွဲ့ ၆၁ ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၃၈ သိန်း ထောက်ပံ့

 

တောင်ကြီး   သြဂုတ်  ၇


ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အတွင်းရှိ      လူမှုရေး လုပ်ငန်း     လုပ်ကိုင်ရန်အတွက် မှတ်ပုံတင်လက်မှတ်ရရှိထား သည့်     လူမှုရေးအသင်းအဖွဲ့များ တွေ့ကြုံနေရသည့်     အခက်အခဲ များ      ကူညီဖြေရှင်းပေးနိုင်ရန် အတွက်   သြဂုတ်   ၆   ရက်က      တောင်ကြီးမြို့    ပြည်နယ်အစိုးရ အဖွဲ့ရုံး    အစည်းအဝေးခန်းမ၌      ရှမ်းပြည်နယ်       ဝန်ကြီးချုပ်နှင့်      ပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) ပအိုဝ်း၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ    လူမှုရေးအသင်းအဖွဲ့များ နှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင်     ပြည်နယ် ဝန်ကြီးချုပ်က လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများအား   ပရဟိတ သမားများအဖြစ်   လက်ခံကြပြီး ပရဟိတကို     သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းဟု    ယေဘုယျ အားဖြင့် လက်ခံထားကြကြောင်း၊ ပရဟိတလုပ်ငန်းသည် ပြည်သူ လူထု     ပူးပေါင်းပါဝင်ခြင်းနှင့် လူမျိုးဘာသာမခွဲခြားဘဲ ပူးပေါင်း ပါဝင်ကြသည့် နည်းလမ်းတစ်ခု ဖြစ်သည့်အတွက်     ဒီမိုကရေစီ ဝန်းကျင်  တည်ဆောက်ရာတွင် အရေးပါသော    စံအစိတ်အပိုင်း တစ်ခုအနေဖြင့်   ရှိနေမှုကို တွေ့ရ မည်ဖြစ်ကြောင်း၊     အစိုးရနှင့် ပြည်သူ၊  အစိုးရနှင့် အဖွဲ့အစည်း ကြား ကောင်းမွန်သည့်  ဆက်ဆံ ရေးကို    တည်ဆောက်နိုင်သည့် အတွက်   ပရဟိတအသင်းအဖွဲ့ များသည်     သာမန်အဖွဲ့အစည်း မဟုတ်ဘဲ အရေးပါသော  အဖွဲ့ အစည်းများဖြစ်ကြောင်း     ပြော ကြားသည်။


ဆက်လက်၍    တက်ရောက် လာကြသော တာချီလိတ်လူမှုရေး အသင်းအဖွဲ့၊     ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှုရေးအသင်းအဖွဲ့ များက တွေ့ကြုံနေရသည့် အခက် အခဲများ   ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  လူမှုရေး အသင်းအဖွဲ့များ၏  တင်ပြချက် များအပေါ်    ပေါင်းစပ်ညှိနှိုင်း ကူညီဖြေရှင်း     ဆောင်ရွက်ပေး သည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က  လူမှုရေးအသင်းအဖွဲ့  ၆၁ ဖွဲ့အတွက်   ထောက်ပံ့ငွေ   ၁၃၈ သိန်းကို  ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက   လက်ခံယူကြ ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)