
နေပြည်တော် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - မိုင်းဆတ်သွား ကားလမ်း နားကော်(၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ် သတင်းရရှိထား သည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစောနှင့် အားကော်တို့ သယ်ဆောင်လာသည့် ဒေသ ကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၅၀၀၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် တစ်လက်၊ ၎င်းကျည်အတောင့် ၃၀၊ M 22 သေနတ် တစ်လက်၊ ၎င်းကျည် အတောင့် ၃၀ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်