
နေပြည်တော် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခန့်တွင် မိုင်းပျဉ်းမြို့နယ် ထနောင်း (၇)မိုင်ကျေးရွာအနီး မိုင်းပျဉ်း ဘက်မှ ထနောင်း (၇) မိုင်ကျေးရွာဘက်သို့ ကျချေ (၃၅နှစ်) နှင့် အဲစော(၄၅နှစ်)တို့ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာ သည့် ဆာလာအိတ် နှစ်အိတ်အတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်