ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀၊ အလေးချိန် ၁၀၅ ကီလို ဖမ်းဆီးရမိ

နေပြည်တော်    ဇူလိုင်    ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီ လိတ်မြို့၌  ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၃၀၀၊ အလေးချိန် ၁၀၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့မှ    သိရ သည်။
မူးယစ်ဆေးဝါး    တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့      ဝိန်းကျောက် ရပ်ကွက်တွင်       သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်း ရရှိထားသည့် စိုင်းဝဏ္ဏ၊ ညီလင်း (ခ) အိုက်ထွန်းနှင့် အောင်ဝင်းတို့ သုံးဦးသည် TOYOTA CROWN  မော်တော်ယာဉ်နှစ်စီးဖြင့် ရောက်ရှိ   လာ၍  ရှာဖွေစစ်ဆေးခဲ့ရာ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၃၀၀၊ အလေးချိန်  ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ ဘိန်းဖြူ ဘလောက်တုံး များကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန် မှ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရ သဖြင့်    ၎င်းတို့ကို   ဥပဒေအရ အရေးယူထားရှိပြီး    ကွင်းဆက် ပြစ်မှု      ကျူးလွန်သူများကို ဆက်လက်စစ်ဆေး   ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်