ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်၌ ငွေကျပ် ၁ ဘီလီယံ ကျော်တန်ဖိုးရှိ    မူးယစ်ဆေးဝါး များ  ဖမ်းဆီးရမိခဲ့ကြောင်း   သိရ သည်။  
ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲ တွင်      ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ စိုင်းဆွေဆိုင်း၏       နေအိမ်ကို သတင်းအရ   ရှာဖွေရာ  နေအိမ်မှ ဒေသကာလတန်ဖိုး   ငွေကျပ်   ၁ ဒသမ ၀၄     ဘီလီယံ    တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၃ ကီလို၊  ဘိန်းစိမ်း  ၇၅  ကီလိုနှင့် TOYOTA     LAND     CRUISER PRADO မော်တော်ယာဉ်တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်  ဆေးပြားများနှင့်  အိုက်စ်(မက်သ်အဖက်တမင်း)များ ကို    ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်မှ လည်းကောင်း၊ ဘိန်းစိမ်းများကို          မိုင်းပျဉ်း မြို့နယ်မှ    လည်းကောင်း    တာချီ လိတ်မြို့သို့  သယ်ဆောင် ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား   ဥပဒေအရ   အရေးယူ ထားရှိပြီး     ကွင်းဆက်    ပြစ်မှု ကျူးလွန်သူများကို       ဆက်လက် စစ်ဆေး       ဖော်ထုတ်လျက်ရှိ ကြောင်း     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်