ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ   ၁၃


ရှမ်းပြည်နယ်    (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ   မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  နိုဝင်ဘာ ၁၁   ရက် မွန်းတည့် ၁၂ နာရီတွင်  နောင်ချို မြို့နယ်   လားရှိုး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ လားရှိုးမှ   နောင်ချိုဘက်သို့ ကိုလတ် (၃၀နှစ်) မောင်းနှင်ပြီး အိုက်ပန်းလိုက်ပါလာသည့် မော် တော်ယာဉ်ကို     သတင်းအရ စစ်ဆေးရှာဖွေရာ  ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၅၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၂ ဒသမ ၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀   သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်  ဖော်ထုတ်ချက်အရ ည ၇ နာရီတွင်   လားရှိုးမြို့နယ် စဉ့်အင်တံတား၌ မူးယစ်ဆေးဝါး များ သယ်ဆောင်ခိုင်းသူ အိုက်လာ ကို    မော်တော်ယာဉ်နှင့်အတူ ဆက်လက်  ဖမ်းဆီးရမိခဲ့သည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ကို    ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ  မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း  ဖြစ်ကြောင်း သိရှိရသဖြင့်   ၎င်းတို့ သုံးဦးအား ဥပဒေအရ  အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း  သိရသည်။ 


သတင်းစဉ်