
နေပြည်တော် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် ငွေကျပ် သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိဘိန်းဖြူများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် ည ၉ နာရီခွဲ နောင်ချို မြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ စိုင်းစံဆာ(ခ)အိုက်စံ(၅၅နှစ်) မောင်းနှင် လာသည့် ဟီးနိုး ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်