ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မြို့တော်ခန်းမရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည့်နေရာ၌ ဆန်ကောလောက်ပင်ဇောက်မနက်သည့် အကြံပက်စက်သူများက မိုင်းထောင်ဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင်

နေပြည်တော်  ဩဂုတ်  ၃    


နိုင်ငံတော်မှ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက်     အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး      ကာကွယ် ရေးလုပ်ငန်းများတွင်   အရေး အကြီးဆုံးဖြစ်သည့်      ကာကွယ် ဆေးထိုးနှံခြင်း     လုပ်ငန်းအား     နိုင်ငံတစ်ဝန်း     ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထိုကဲ့သို့        ပြည်သူလူထု၏ အသက်အိုးအိမ်ကို     ကာကွယ် စောင့်ရှောက်နိုင်ရေး  ဆောင်ရွက် ပေးနေမှုအပေါ် အကြမ်းဖက်အဖွဲ့ များဖြစ်သည့်  NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့် အစွန်း ရောက်များက ဆန်ကောလောက် ပင်ဇောက်မနက်သည့် အကြံအစည် ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုလုပ်ငန်း  ဆောင်ရွက် မှုများကို ပစ်မှတ်ထား၍ အကြမ်း ဖက်တိုက်ခိုက်မှုများကို  ဦးတည် လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့  ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ   ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ  မိနစ်  ၄၀  တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံ မြို့နယ် ညောင်ကုန်း(၄)ရပ်ကွက် ရှိ   မြို့တော်ခန်းမ၌   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ်     မြို့တော် ခန်းမရှေ့  ဝင်ပေါက်ဘယ်ဘက် ခြမ်းရှိ  Flower Box  အတွင်းမှ အစွန်းရောက်အကြမ်းဖက်သူများ ထောင်ထားသည့်      လက်လုပ် Remote မိုင်းတစ်လုံး  ပေါက်ကွဲခဲ့ ရာ              မြို့တော်ခန်းမအတွင်း ကာကွယ်ဆေး     ထိုးနှံနေမှုအား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိ သည့်  ရဲတပ်သား  ထွန်းလင်းဇော် တွင်   မိုင်းစထိမှန်ဒဏ်ရာများ ရရှိ ကျဆုံးခဲ့ပြီး ရဲတပ်သားအောင်လွင် ဖြိုးနှင့် ရဲဒုတပ်ကြပ်အောင်မျိုးတို့ တွင်      ဒဏ်ရာများရရှိခဲ့သဖြင့် ဖယ်ခုံမြို့     ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ်  မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် ရဲတပ်သားအောင်လွင် ဖြိုးသည် ရရှိသောဒဏ်ရာများဖြင့် ထပ်မံကျဆုံးခဲ့သည်။ အလားတူ အဆိုပါ  မိုင်းပေါက်ကွဲမှုဖြစ်စဉ် ကြောင့် ကာကွယ်ဆေးလာရောက် ထိုးနှံလျက်ရှိသည့် ဒေါ်မူရိန်း(ဘ) ဦးတွက်နှင့် ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများတွင်  လာရောက် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း  ဦးနန္ဒဝေယံ(ဘ)ဦးမြင့်ဝင်းတို့တွင်     မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့်   ဖယ်ခုံမြို့   ပြည်သူ့ဆေးရုံကြီးသို့   ပို့ဆောင် ပေးခဲ့ပြီး  လိုအပ်သည့် ဆေးကုသမှု များ ဆောင်ရွက်ပေးလျက်ရှိသည်။

 


အဆိုပါ     ပြည်သူလူထု၏ အသက်အိုးအိမ်နှင့်   ကာကွယ် ဆေးထိုးလုပ်ငန်း  ဆောင်ရွက်နေ မှုကို ပစ်မှတ်ထား၍ အကြမ်းဖက် ဗုံးဖောက်ခွဲသူအား  ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက    အပူ တပြင်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လည်း မသင်္ကာဖွယ်အကြမ်းဖက် သမား၏  သတင်းရရှိပါက အချိန် နှင့်တစ်ပြေးညီ   သက်ဆိုင်ရာသို့ သတင်းပေးပို့      ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိသည်။     
                         

 

 သတင်းစဉ်