
နေပြည်တော် ဇန်နဝါရီ ၅
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ငွေကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့ နမ့်မလင်းကျေးရွာ အနီး ပင်လုံ-လဲချားသွား ကား လမ်းတွင် လဲချားမှ ပင်လုံ ဘက်သို့ မြင့်အောင် မောင်း နှင်လာသည့် မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေ ရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၃၈ ကီလို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများ ကို ရှမ်းပြည်နယ်တောင်ပိုင်း မှ မန္တလေးတိုင်းဒေသကြီး သို့ သယ်ဆောင်ခြင်းဖြစ် ပြီး ၎င်းအား ဥပဒေအရ အရေးယူထားကာ ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော် ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်