
နေပြည်တော် အောက်တိုဘာ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၆ ရက် ည ၉ နာရီခွဲတွင် ရွာငံမြို့နယ် အောင်ပန်း- ကျောက်ဆည်သွား ကားလမ်း ကျောက်ကူပြင် ကျေးရွာအနီးတွင် အောင်ပန်းမှ ကျောက်ဆည်ဘက်သို့ အောင်ကို သန်း (၃၂)နှစ် မောင်းနှင်လာသည့် Toyota Hiace မော်တော်ယာဉ်ကို ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ခန့်ရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာ တွင် ပူးပေါင်းပါဝင်သူ ကောင်းထက်ကျော်(၁၈)နှစ်နှင့် ဟိန်းမင်းဦး(၂၂)နှစ်တို့ကို နောင်ချို မြို့တွင် Hijet မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင် ခိုင်းသူ ကျော်ကျော်ဝင်း (၅၁)နှစ် ကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်းရပ်ကွက် ၅၃ လမ်း အမှတ် (၄၆)နေအိမ်တွင် လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ် ပေါက်ချက်များအရ သိမ်းဆည်း ရမိ စိတ်ကြွရူးသွပ်ဆေးပြား များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရ၍ ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်