
နေပြည်တော် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံ မြို့နယ်တွင် တရားမဝင်သယ်ဆောင် လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း (ကဖင်း) တစ်တန်ကျော် ဖမ်းဆီးရမိခဲ့ သည်။
စစ်ဆေးဖော်ထုတ်လျက်ရှိ
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် နံနက် ၇ နာရီတွင် ရှမ်း ပြည်နယ် (တောင်ပိုင်း) ရွာငံ မြို့နယ် မြို့ကြီးရှာဖွေစစ်ဆေး ရေးစခန်းတွင် ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦး မောင်းနှင်ပြီး ဟေမာန်သိန်း လိုက်ပါလာ သည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၂၀၀ ကျော် တန်ဖိုး ရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) တစ်တန်ကျော် သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်း(ကဖင်း)များကို မန္တလေး တိုင်းဒေသကြီးမှ ရှမ်းပြည်နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများ ကို ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်