
ရန်ကုန် ဖေဖော်ဝါရီ ၂
လာမည့်ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေ သည့် MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြခဲ့သည့် တောင်ပံ တိုက်စစ်ကစားသမား သက်ဝေမိုးကို ခေါ်ယူထား သည်။
သက်ဝေမိုးသည် ပြီးခဲ့သည့်ရာသီတွင် ပွဲစဉ် အလိုက် အကောင်းဆုံးကစားသမားဆုကို လေး ကြိမ်အထိ ရယူနိုင်ခဲ့သည်။ သက်ဝေမိုးသည် လူငယ်ကစားသမားဘဝကို ရခိုင် ယူ-၁၈ အသင်း၊ မြဝတီ ယူ-၁၈ အသင်း၊ ရတနာပုံ ယူ-၂၁ အသင်း တို့နှင့်ဖြတ်သန်းခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစား သမားကို ချင်းယူနိုက်တက်အသင်းတွင် စတင်ကာ ပြီးခဲ့သည့်ရာသီတွင် မြဝတီအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် နည်းပြချုပ်သစ် အဖြစ် နာမည်ကြီးဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ် ထားသလို ပြည်တွင်းကစားသမားများအဖြစ် စအောင်ပြည့်ကို၊ ကောင်းမြတ်သူနှင့် သက်ဝေမိုးတို့ကို ခေါ်ယူထားပြီးဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-SUFC