
ရန်ကုန် ဇန်နဝါရီ ၂၀
၂၀၂၃ MNL အမှတ်ပေးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သော ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်အသင်းတို့သည် ကစားသမားသစ်များ ဆက်လက် ခေါ်ယူအားဖြည့်ခဲ့သည်။
ရာသီကြိုအပြောင်းအရွှေ့ကာလတွင် သွက်လက်စွာလှုပ်ရှားနေသည့် ရှမ်း ယူနိုက်တက်အသင်းက ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် တောင်ပံကစား သမား ရဲရင့်အောင်၊ ရန်ကုန်အသင်းက ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်ရဲထွန်းတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ခံစစ်အတွက်အားဖြည့်
ရဲရင့်အောင်သည် ပြီးခဲ့သည့်ရာသီတွင် ရတနာပုံအသင်း၌ ခြေစွမ်းပြခဲ့ပြီး 2022 AFF Cup ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ပါ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ နောက်ခံ လူဇော် ရဲထွန်းမှာလည်း အတွေ့အကြုံရှိသည့် ကစားသမားဖြစ်သော ကြောင့် ရန်ကုန်အသင်းက ခံစစ်အတွက် အားဖြည့်ခဲ့ခြင်းဖြစ်သည်။
ရာသီကြိုအပြောင်းအရွှေ့ကာလတွင် ရန်ကုန်အသင်းက ခုနစ်ဦး၊ ရှမ်းယူနိုက် တက်အသင်းက ခြောက်ဦး ခေါ်ယူထားပြီးဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားများသာ ဆက်တိုက်ခေါ်ယူနေပြီး ရဲရင့်အောင်မတိုင်မီက ကျော်ကိုကို၊ လင်းထက်စိုး၊ ခင်ကျော်ဝင်း၊ ထက်ဖြိုးဝေနှင့် အောင်ဝဏ္ဏစိုးတို့ကို ခေါ်ယူထားသည်။ ရန်ကုန်အသင်းသည် ဇော်ရဲထွန်းမတိုင်မီက ပြည်တွင်းကစား သမားများဖြစ်သည့် လှိုင်းဘိုဘို၊ ရန်ကျော်ထွေး၊ ဥက္ကာနိုင်၊ ကောင်းထက်စိုး၊ နိုင်ငံခြားသား ကစားသမားများဖြစ်သည့် ဂီနီတိုက်စစ်မှူး ဆယ်လာနှင့် ဂါနာ နောက်ခံလူ မာလီဟာဘီယာတို့ကို ခေါ်ယူအားဖြည့်ထားသည်။
သတင်းထုတ်ပြန်ဖွယ်ရှိ
ရာသီကြိုအပြောင်းအရွှေ့ကာလကို ဇန်နဝါရီ ၃၁ ရက်အထိ ဖွင့်လှစ်ထားပြီး ကျန်အသင်းများမှာလည်း ကစားသမားသစ်ခေါ်ယူခြင်းများကို မကြာမီ တရားဝင် သတင်းထုတ်ပြန်ဖွယ်ရှိနေသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-SUFC