
နေပြည်တော် ဇန်နဝါရီ ၃၀
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဇန်နဝါရီ ၂၉ ရက်က WINGROAD ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၂၉ ရက် နံနက် ၆ နာရီ မိနစ် ၅၀ က ဖြူးမြို့ ဆေးရုံ ရပ်ကွက်နေ မျိုးသက်ကို (၄၀ နှစ်) မောင်းနှင်ပြီး ဇီးခင်ကျေးရွာနေ ဦးဝင်းမောင် (၆၂ နှစ်) နှင့် တစ်ရွာတည်းနေ ဖိုးဖြူ (၃၉ နှစ်)၊ ဒေါ်နီနီအေး (၅၁ နှစ်) တို့ သုံးဦး လိုက်ပါလာသော 6G/xxxx WINGROAD ယာဉ် သည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်-မန္တလေးအမြန် လမ်းအတိုင်း မောင်းနှင်လာစဉ် တောင်ငူမြို့နယ် ချင်းရွာအနီး မိုင်တိုင် (၁၄၂/၇) နှင့် (၁၄၃/၀) ကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိတိမ်းမှောက်သွားခဲ့ပြီး ယာဉ် တိမ်းမှောက်မှုကြောင့် မျိုးသက်ကို မှာ အခင်းဖြစ်နေရာ၌ သေဆုံး သွားကာ ဦးဝင်းမောင်ပါ သုံးဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သော ကြောင့် မျိုးသက်ကိုအား ဇီးပင်သာရဲကင်းစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား