
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်မြစ်တွင်း မော်တင်ဆိပ်ကမ်းနှင့် မှော်စက်သမ္ဗန်ကူးတို့ဆိပ်တို့သို့ ခရီးသည် တင်ပို့ဆောင်သော စက်တပ်သမ္ဗန်တစ်စင်း ယနေ့ နံနက် ၉ နာရီက မော်တင်ဆိပ်ကမ်း ဘက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦးအနက် ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည် တစ်ဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း မြို့နယ်စက်တပ်သမ္ဗန်ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ထံမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကမ်းရှိ မော်တင် ဆိပ်ကမ်း၌ ခရီးသည်တင်ဆောင်၍ ဒလ ဘက်ကမ်းရှိ မှော်စက်သမ္ဗန်ကူးတို့ဆိပ်သို့ မောင်းနှင်ထွက်ခွာမည့် သမ္ဗန်တစ်စင်းသည် ရှေ့တည့်တည့်မှ မောင်းနှင်လာသည့် သမ္ဗန် တစ်စင်းအား မော်တင်ဆိပ်ကမ်းအနီးတွင် ရှောင်တိမ်းစဉ် ရေစီးအားကြမ်းမှုကြောင့် သမ္ဗန်ဦးခေါင်း မထိန်းနိုင်ဘဲ အနီးရှိ ကားကူး ဇက်ရေယာဉ်အောက်သို့ ဝင်ရောက်မှုဖြစ်ပွား ခဲ့ရာမှ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း၊ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် စုစု ပေါင်း ခရီးသည် ၁၁ ဦး လိုက်ပါခဲ့ပြီး ခရီး သည် ၁၀ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခဲ့ ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နှင့် အခြားအမျိုးသမီးတစ်ဦးမှာ ရေမွန်းမှု ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်သွား ကြောင်း၊ ခရီးသည် တစ်ဦးမှာ ရေနစ်မြုပ်မှု ကြောင့် ပျောက်ဆုံးနေကြောင်း၊ မြို့နယ် စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေပျံလွှားအမည်ရှိ စက်တပ် သမ္ဗန်ရေယာဉ်မောင်းသူ ဦးစန်းအောင်အား ရေကြောင်းရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်၍ ဗိုလ်တထောင်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပျောက်ဆုံးနေ သော ခရီးသည်တစ်ဦးမှာ မှော်စက် စက်တပ် သမ္ဗန်ကူးတို့ဆိပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်စိန် ဖြစ်ကြောင်း သိရသည်။
သုတ