ရန်ကုန်မြို့၌ အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် ကျွမ်းဘားပြိုင်ပွဲများ ကျင်းပ

 

ရန်ကုန်   မတ်    ၁၈


၂၀၂၃ ခုနှစ်  သက်တမ်းအလိုက် ကျွမ်းဘားပြိုင်ပွဲကို ယနေ့နံနက်  ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်       ကျိုက္ကဆံ အားကစားကွင်းရှိ    မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်    လေ့ကျင့် ရေးအားကစားရုံ၌          ကျင်းပရာ ကျွမ်းဘား အားကစားမောင်မယ် များက         ပြိုင်ပွဲများအလိုက် အကြိတ်အနယ်     ပါဝင်ယှဉ်ပြိုင် ကစားကြသည်။

 


ပြိုင်ပွဲမစတင်မီ  မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ  ဒေါ်နီနီအောင် က   ဥက္ကဋ္ဌကိုယ်စား အမှာစကား     ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ကျွမ်းဘား   အဖွဲ့ချုပ်နာယက     ဦးဝေလင်း အောင်နှင့်     ဦးမြင့်အောင်   တို့က အလှူရှင်များအား   ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်သည်။

 


ဆက်လက်၍    အမျိုးသား သက်ငယ်တန်း   စပရိန်ဘုတ်ခုန် ပြိုင်ပွဲ ၊  အမျိုးသားသက်ငယ်တန်း၊  သက်လတ်တန်း၊   သက်ကြီးတန်း မြေပြင်ပြိုင်ပွဲများ၊    အမျိုးသား မျိုးဆက်သစ်    မြေပြင်ပြိုင်ပွဲများ၊ အမျိုးသား        သက်ကြီးတန်း၊ သက်လတ်တန်း     မြင်းခုန်ဘား ပြိုင်ပွဲများ၊   အမျိုးသားမျိုးဆက် သစ်     အဆင့်မြင့်ခုန်ဘားပြိုင်ပွဲ များ၊ အမျိုးသမီးရင်ခွင်ပိုက်တန်း မြေပြင်ပြိုင်ပွဲနှင့်    စပရိန်ဘုတ် ခုန်ပြိုင်ပွဲများ၊        အမျိုးသမီး သက်ငယ်တန်း  စပရိန်ဘုတ်ခုန် ပြိုင်ပွဲ၊ မြေပြင်ပြိုင်ပွဲနှင့်  မြင်းခုန် ဘားပြိုင်ပွဲ၊ အမျိုးသမီး သက်လတ် တန်းမြေပြင်ပြိုင်ပွဲ၊       စပရိန် ဘုတ်ခုန်ပြိုင်ပွဲနှင့်  မြင်းခုန်ဘား ပြိုင်ပွဲ၊  အမျိုးသမီး  မျိုးဆက်သစ် မြင်းခုန်ဘားပြိုင်ပွဲ ၊     ချိန်ဆဘား ပြိုင်ပွဲနှင့်        မြေပြင်ပြိုင်ပွဲများ၊ အမျိုးသမီး              အလွတ်တန်း ချိန်ဆဘားပြိုင်ပွဲနှင့်     မြေပြင် ပြိုင်ပွဲများ   စုစုပေါင်းပွဲစဉ်  ၃၆ ပွဲ  နှင့်  ပြိုင်ပွဲဝင်ဦးရေ   ၈၆  ဦး  ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

 


ပြိုင်ပွဲအပြီးတွင်   အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊    မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်မှ   နာယက ဦးဝေလင်းအောင်၊ ဦးမြင့်အောင်၊  ဒုတိယဥက္ကဋ္ဌ      ဒေါ်နီနီအောင်၊ အတွင်းရေးမှူး  ဒေါ်ကေသီလှိုင်၊  တေးသံရှင်နီနီခင်ဇော်နှင့် တာဝန် ရှိသူများက      ဆုရအားကစား သမားများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း    သိရ သည်။

 


အဆိုပါ ကျွမ်းဘားအားကစား ပြိုင်ပွဲကို   အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်   မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်တို့မှ  ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။


အားကာမောင်