ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၂၅/ ၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၃  ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။    ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၅ တွင် -
    (က)    ပုဒ်မခွဲ (ဒ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
        “(ဒ)    သန့်ရှင်း၊ သာယာ၊ လှပသည့် မြို့တော်ကြီးဖြစ်လာ စေရေးအတွက်     အဆင့်မြှင့်တင်ဆောင်ရွက် ရာတွင် ဤဥပဒေနှင့်  ဤဥပဒေအရ  ထုတ်ပြန် ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊   အမိန့်၊   ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို      အများပြည်သူက လိုက်နာစေရေး    တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၊ အဖွဲ့အစည်းများအား ဆုငွေချီးမြှင့် ခြင်း၊”
    ( ခ)    မူလပုဒ်မခွဲ(ဒ)ကို ပုဒ်မခွဲ(ဓ)အဖြစ် ပြောင်းလဲအမှတ်စဉ် 
        ရမည်။
၃။    ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ နှင့် ၂၇ တို့ကို ပယ်ဖျက်ရမည်။
၄။    ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၂၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(က)    ကော်မတီသည် ဤဥပဒေအရ မိမိတာဝန်နှင့် လုပ်ပိုင်ခွင့် 
        များကို     ကျင့်သုံးဆောင်ရွက်ရာတွင်   လိုအပ်ပါက 
        သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီတောင်းခံ 
        ရယူရမည်။ ထိုကဲ့သို့ တောင်းခံလာပါက မြန်မာနိုင်ငံ
        ရဲတပ်ဖွဲ့က အကူအညီပေးရမည်။”


    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၄၁၉  အရ  ကျွန်ုပ်  လက်မှတ်
ရေးထိုးသည်-
        (ပုံ) မင်းအောင်လှိုင်
        ဗိုလ်ချုပ်မှူးကြီး
        ဥက္ကဋ္ဌ
        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ