ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး   လှည်းကူး မြို့နယ်၌  ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား    ၄   သိန်း   ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော      ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက်  ည ၈ နာရီခွဲ တွင်       ရန်ကုန်တိုင်းဒေသကြီး  လှည်းကူးမြို့နယ်     အမှတ်(၃) လမ်းဆုံတွင် သတင်းအရ  စောင့် ဆိုင်းနေစဉ်  ကြိုတင်သတင်းရရှိ ထာသည့်  CROWN  မော်တော် ယာဉ်ရောက်ရှိလာပြီး    အဆိုပါ ယာဉ်အနီးသို့  BMW မော်တော် ယာဉ်တစ်စီး  ထပ်မံရောက်ရှိလာ သဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ  မဝတ်မှုန် မောင်းနှင်သည့် CROWN  မော်တော် ယာဉ်ပေါ်မှ   ဒေသကာလတန်ဖိုး ငွေကျပ်   သိန်း ၆၀၀၀  တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ရှာဖွေတွေ့ရှိခဲ့ပြီး   လွင်မိုးအောင်  မောင်းနှင်သည့် BMW မော်တော် ယာဉ်ပေါ်မှ ပိုင်စိုး၊ ငြိမ်းချမ်းကျော် (ခ)ကိုမင်းနှင့် မသူဇာဝင်း တို့အား တွေ့ရှိရသဖြင့် စစ်ဆေးဖော်ထုတ် ချက်အရ ၎င်းတို့သည် သိမ်းဆည်း ရမိ   စိတ်ကြွရူးသွပ်ဆေးပြား များကို ရှမ်းပြည်နယ်(တောင်ပိုင်း)   တောင်ကြီးမှ တနင်္သာရီတိုင်းဒေသ ကြီး     မြိတ်သို့    သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း  သိရှိ ရသဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး    ကွင်းဆက် ပြစ်မှု         ကျူးလွန်သူများကို   ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့်   အမှုတွင်ဆက်စပ် ပါဝင်သူများ        ပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်နှင့်  ပိုင်ဆိုင် မှုများအား        ပြည်သူ့ဘဏ္ဍာအဖြစ်   သိမ်းဆည်းနိုင်ရေး  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။    

          
သတင်းစဉ်