
နေပြည်တော် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် ပုလဲ(၂)ရပ်ကွက် ငုဝါလမ်း အမှတ် (၁၉၉/ဘီ)ခြံဝင်းအတွင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ ခြံဝင်းအတွင်းရှိ ဂိုဒေါင်ရှေ့တွင်ရပ်ထား သည့် HINO ၁၂ ဘီးမော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း ဇော်ဝင်း(၄၈ နှစ်)၊ ယာဉ်နောက်လိုက်များ ဖြစ်ကြသည့် ဇေယျာ (၄၃ နှစ်)နှင့် မြတ်မိုး (၄၃ နှစ်) တို့ကိုတွေ့ရှိရပြီး အဆိုပါယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၅ သိန်းနှင့်အတူ ယာဉ်မောင်း ဇော်ဝင်းထံမှ ငွေကျပ် သိန်း ၅၀ တို့ကိုပါ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်သို့ သယ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်