ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများကို ဆန်ကောလောက်ပင် ဇောက်မနက်သည့် အကြံပက်စက်သူများက အကြောင်းမဲ့ လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင်

နေပြည်တော်     ဩဂုတ်    ၁


နိုင်ငံတော်မှ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉  ရောဂါ    ကူးစက်ပြန့်ပွားမှု    ကာကွယ်၊  ထိန်းချုပ်နိုင်ရေးအတွက်    အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ကာကွယ်ရေးလုပ်ငန်း များတွင် အရေးအကြီးဆုံးဖြစ်သည့်  ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းအား     နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ ပြည်သူ လူထု၏    အသက်အိုးအိမ်ကို    ကာကွယ် စောင့်ရှောက်နိုင်ရေး    ဆောင်ရွက်ပေးနေမှု အပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH နှင့်   ၎င်းတို့ကို    ထောက်ခံသည့် အစွန်းရောက်များက    ဆန်ကောလောက်ပင် ဇောက်မနက်သည့် အကြံအစည်ဖြင့် ပြည်သူ  လူထုကို ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက် မှုများကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့  လုပ်ဆောင်လျက်ရှိရာ  ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌    ကျန်းမာရေး ဝန်ကြီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူ များ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ် ယနေ့ မွန်းတည့် ၁၂ နာရီ ခန့်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သူတစ်ဦးက လက်ပစ်ဗုံး နှစ်လုံး ဖြင့်   လာရောက်ပစ်ခတ်   ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။


ဒဏ်ရာများ အသီးသီးရရှိ


အဆိုပါ  အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကာကွယ်ဆေး       ထိုးနှံနေသူများအနက် ဦးဉာဏ်လှိုင်(ဘ)ဦးမြဒင်၊    ဦးနန်းဝင်း(ဘ)ဦးသိန်းဆွေတို့တွင်      ဗုံးစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများနှင့် ဦးသိန်းလွင်(ဘ)ဦးချစ်ဆွေတွင် ဗုံးစထိမှန်(စိုးရိမ်ရ)ဒဏ်ရာများ   အသီးသီး ရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ တွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက် ပေးနေသူ ဒေါ်သီရိသော်သော်(ဘ)ဦးနန်းဝင်း ၌လည်း (စိုးရိမ်ရ) ဒဏ်ရာများ  အသီးသီးရရှိခဲ့ သဖြင့်    တပ်မတော်ဆေးရုံသို့  ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ပြည်သူလူထုကို ပစ်မှတ်ထား၍  အကြမ်းဖက်ဗုံးဖောက်ခွဲသူကို     ဖမ်းဆီး ရမိရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူ များအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက် သမား၏ သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန်  မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်း  သတင်းရရှိ သည်။                                    

 

သတင်းစဉ်