ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန်ကြိုးစားခဲ့သူ ငါးဦးအား ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၁၁


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင် တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန် ကြိုးစားခဲ့သူ ငါးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ     အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်တစ်လက်နှင့်အတူ      ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်(၂)ရပ်ကွက် သမိုင်း ဘူတာရုံလမ်း အမှတ်(၄၅) သမိုင်းခုံးကျော်တံတား အဆင်းရှိ   “လှသီတာ”  ရွှေဆိုင်သည်   ဖွင့်လှစ် ရောင်းချရန် ပြင်ဆင်နေစဉ် အဆိုပါဆိုင်ရှေ့သို့ YGN 7D-8630 Toyota Crown အဖြူရောင်ယာဉ်တစ်စီး ရောက်ရှိလာပြီး  ယာဉ်ပေါ်မှ   အမျိုးသားငါးဦးက ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြခြောက်လှန့်၍ ဆိုင်အတွင်းရှိ   ရွှေထည်ပစ္စည်းများအား   လုယူရန် ကြိုးစားခဲ့သည်ကို အဆိုပါဆိုင်ရှင်ဖြစ်သူနှင့် လုံခြုံရေး ဝန်ထမ်းများ၊ ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့ ရာ အကြမ်းဖက်သူလေးဦးမှာ အဆိုပါမော်တော်ယာဉ် ဖြင့်ပင် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လှိုင်သာယာ မြို့နယ် မီးခွက်ဈေး မီးခွက် (၁)လမ်း အမှတ်(၂၈၉)နေ ဝေယံ(ခ)အသေးလေး (၁၈ နှစ်) (ဘ)  ဦးမျိုးဇော် အား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ရှစ်တောင့်၊     ကျည်ခွံတစ်ခုတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့သည်။ 


ထိုကဲ့သို့  သေနတ်ပြခြောက်လှန့်၍  ရွှေထည် ပစ္စည်းများအား လုယူရန်ကြိုးစားခဲ့ပြီး ထွက်ပြေး သွားသူများအား   ဖမ်းဆီးရမိနိုင်ရေး    လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့်     ပြည်သူလူထုမှ  ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်   ဖမ်းဆီးရမိသူ  ဝေယံ(ခ)အသေးလေးအား စစ်ဆေး၍ ဥပဒေနှင့်အညီ ထိရောက်စွာ  အရေးယူ  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်