
နေပြည်တော် နိုဝင်ဘာ ၇
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်း များကို လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု(ခ)ဂျင်မီကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံအိမ်ရာဝင်းအတွင်းရှိ အမှတ်(၁၀၉/B) နှစ်ထပ်တိုက်နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့် အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြု လျက်ရှိသည့် AK-47 သေနတ် ခြောက်လက်၊ M-16 သေနတ် ရှစ်လက်၊ ၁၂-ဗို့ သေနတ် နှစ်လက်၊ ဒေသန္တရလုပ်သေနတ် တစ်လက်၊ ကျည်အိမ် ၁၈ ခုတို့အား အဆိုပါ နှစ်ထပ် တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။
ကျော်မင်းယု(ခ)ဂျင်မီသည် တရားခံ ပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင် လာစေရေး လှုံ့ဆော်မှုများပြုလုပ်ခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် တရား ရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရ သည့် တရားခံပြေးတစ်ဦးဖြစ်သည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါ ပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်း များ CDM လှုပ်ရှားမှုများတွင် ပါဝင် လာစေရေးအတွက် သတင်းမီဒီယာများ နှင့် ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင် ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီး ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆောင်ရွက် ရန် ဧပြီလအတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ)ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း။
ကျော်မင်းယု(ခ)ဂျင်မီ ခေါင်းဆောင် သော Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန်ခေါင်းဆောင်သော ရန်ကုန် တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်ကို မေလ တွင် စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများကို ထိတ်လန့် တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေး အတွက် အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ် ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြား ပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီကို ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ် ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အအုံများ၊ ပုဂ္ဂလိက ဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည် တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက် တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့ကို တရားခံပြေး လွင်ကိုလတ်က AK-47 နှင့် M-16 အလက် ၃၀၊ ကျည်တောင့် ၆၀၀၊ ကျည်ကတ် ၉၀ နှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်း လက်နက်/ခဲယမ်း များဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး- Mission ရှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ ကြောင်း၊ ထို့ကြောင့် ကျော်မင်းယု(ခ)ဂျင်မီသည် အဆိုပါအကြမ်းဖက် လုပ်ငန်းကြီး - Mission ရှစ်ခုကို အနီးကပ် ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံအိမ်ရာဝန်း အတွင်းနေထိုင်၍ အဆိုပါအကြမ်းဖက် လုပ်ငန်းကြီး ရှစ်ခုကို ညွှန်ကြားစေခိုင်းခဲ့ ကြောင်း၊ Mission-1 တွံတေးမြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-2 အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 လှည်းကူးမြို့ နယ်အတွင်း အောက်တိုဘာ လအတွင်း လုပ်ဆောင်ပြီးစီးခဲ့ကြောင်း သိရသည်။
ကျန် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့ကို ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလ မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီး များ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုဟ်တု ဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြ သည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်း အောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရ သည်။
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု များကို အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ)ဂျင်မီအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်နှင့်ပတ်သက်သော အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများအက်ဥပဒေတို့ဖြင့် ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် သည်။
ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများ တွင် တရားခံကျော်မင်းယု(ခ)ဂျင်မီနှင့် အတူ ပူးပေါင်းပါဝင်ခဲ့ကြသူများနှင့် ပူးပေါင်းကြံစည်ရာ၌ အဓိကပါဝင်ခဲ့သူ NUG/ CRPH/NUCC အဖွဲ့ဝင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ပြီး အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသူများအား လက်ရဖမ်းဆီး နိုင်ရေးအတွက် မိဘပြည်သူများမှရရှိ သော သတင်းအချက်အလက်များကို သက်ဆိုင်ရာနီးစပ်ရာ လုံခြုံရေးအဖွဲ့ အစည်းများထံသို့ ဆက်သွယ်ပေးပို့ နိုင်ပါရန် အသိပေးထားကြောင်း သိရ သည်။
သတင်းစဉ်