
နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် “kaung Wai Yan’’ အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့်ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရသဖြင့် မရမ်းကုန်း မြို့နယ် တော်ဝင်အိမ်ရာ တိုက်(H)နေ ဦးအောင်ခန့်ဖြိုးနှင့် ဒေါ်မျိုး သန္တာညွန့်တို့နှစ်ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်းမြို့နယ် အမှတ်(၁၄) ရပ်ကွက် မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများကို စောင့်ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို လက်ထိပ်ခတ် ချုပ်နှောင်ကာ ၎င်းတို့၏မော်တော် ယာဉ်အတွင်းထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် သုံးသိန်း စုစုပေါင်းငွေကျပ် ၅၉၈ သိန်းခန့် လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှု ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆောင် ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ် သည် ယာဉ်အမှတ်၊ YGN-6D/ 6839 အစား 9F/1553 ပြောင်းလဲ တပ်ဆင်၍ အင်းလျားရိပ်သာလမ်း မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရ သဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇန်န ဝါရီ ၂၄ ရက်တွင် ပြည်လမ်းမကြီး စော်ဘွားကြီးကုန်း မီးပွိုင့်အနီး ၌ ရွှေပြည်သာမြို့နယ် (၃၄/၁၀)ရပ်ကွက် ဖျာပုံလမ်းနေ ဝင်းမင်း သန်း (၄၇နှစ်)၊ (၂၅)ရပ်ကွက် သာဓုကန်ဘုရားလမ်းနေ ချစ်စိုး ဦး(၂၅နှစ်)၊ (၂၄)ရပ်ကွက် ကန်ပတ် လမ်းနေ မင်းအောင်(ခ)တင်မင်း အောင်(၃၈နှစ်)နှင့် (၂၄)ရပ်ကွက် ဇေယျသုခ(၁)လမ်းနေ စိုးဝေ ကျော်(ခ)စိုးစိုး (၂၈နှစ်)တို့ လေးဦး ကို ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုခဲ့သည့် (လိုင်စင်မဲ့) မော်တော် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ မင်းအောင်(ခ)တင်မင်း အောင်၏ ထွက်ဆိုချက်အရ ၎င်း ၏ နေအိမ်မှ Volty အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် ရွှေပြည်သာ မြို့နယ် (၂၄)ရပ်ကွက် ဘုန်းကြီး ကျောင်းလမ်းနေ ကိုထက်(ခ)ရဲထက် (၄၄နှစ်)နှင့် (၁)ရပ်ကွက် (၄)လမ်းနေ ဝင်းမြင့်ထွန်း(ခ)အသေးလေး(၃၇နှစ်)တို့ နှစ်ဦး ကို Kawasaki နှင့် Honda အမျိုးအစား မော်တော်ဆိုင်ကယ် နှစ်စီး၊ ငွေကျပ် ၁၀၃၂၀၀၀ နှင့် အတူ ရွှေပြည်သာမြို့နယ် အမှတ် (၃၄/၁၀)ရပ်ကွက် ပုလဲလမ်းရှိ ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်၌ လည်းကောင်း၊ အောင်ကျော်ဇော (ခ)ကိုအောင်(၄၄နှစ်)အား စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၊ ငှက်ကြီး တောင်ဓား သုံးချောင်း၊ ငွေကျပ် ၅၉၅၀၀၀၊ Honda Odyssey အမျိုးအစား (လိုင်စင်မဲ့)မော်တော် ယာဉ်တစ်စီးတို့နှင့်အတူ (၃၄/၁၀)ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ လည်း ကောင်း၊ မြောက်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက် မလိခလမ်းနေ ကျော်သန်း(၃၆နှစ်)နှင့် ရွှေပြည် သာမြို့နယ် (၆)ရပ်ကွက် ချောင်းသာပတ်လမ်းနေ ရဲမင်းကို (ခ)ရဲကြီး(၃၃နှစ်)တို့ နှစ်ဦးကို ငွေကျပ် ၁၉၅၀၀၊ မော်တော် ဆိုင်ကယ်တစ်စီး၊ Pajero အမျိုး အစား (လိုင်စင်မဲ့)မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ရွှေပြည်သာ မြို့နယ် အမှတ်(၄)လမ်း Triple Three KTV ဆိုင်၌ လည်းကောင်း၊ အင်းစိန်မြို့နယ် ဖော့ကန် ရပ်ကွက် မြို့တော်ဂေါက်ကွင်း အိမ်ရာတိုက်(၁)နေ သက်ဦး (၃၄နှစ်) ကို ငွေကျပ် ၄၅၀၀၀၊ Jetour အမျိုးအစား မော်တော် ယာဉ်တစ်စီးတို့နှင့်အတူ မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီး ရပ်ကွက် အမှတ်(၃)လမ်း Valen-tine KTV ဆိုင်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၁၀ ဦးကို ငှက်ကြီးတောင်ဓား သုံးချောင်း၊ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၊ မော်တော်ဆိုင်ကယ် လေးစီး၊ မော်တော်ယာဉ်လေးစီး၊ ငွေစက္ကူရောရာ ကျပ် ၁၆၉၁၅၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကင်းမြို့နယ် မင်းရဲ ကျော်စွာလမ်း၌ လုယက်မှု ကျူးလွန်ရာတွင် ကိုထက်(ခ)ရဲထက်၊ ဝင်းမြင့်ထွန်း(ခ)အသေး လေး၊ ရဲမင်းကို(ခ)ရဲကြီး၊ ဖမ်းဆီး ရန်ကျန် ရွှန်းလဲ့တို့သည် တရားခံ သက်ဦး မောင်းနှင်သည့် YGN-6D/6839 Mark-II အဖြူရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လည်း ကောင်း၊ ကျော်သန်း၊ စိုးဝေကျော် နှင့် ချစ်စိုးဦး တို့သည် ဝင်းမင်း သန်း မောင်းနှင်သည့် YGN-7D/ 6457 Pajero ခဲရောင်(လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ကိုဖြိုးနှင့် ဖြိုးလေးတို့သည် မင်းအောင်(ခ) တင်မင်းအောင် မောင်းနှင်သည့် Vitz ခဲရောင်ယာဉ်ပေါ်တွင် လည်း ကောင်း လိုက်ပါလျက် လုယက် မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ ရခိုင်လေး၊ ဖြိုးလေး၊ ရွှန်းလဲ့ တို့နှင့်အတူ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အချို့၌ ဘဏ်အကောင့်အတွင်းရှိ ငွေ နှင့် ငွေသားလဲလှယ်သူများကို လိမ်လည် ချိန်းဆိုခေါ်ယူကာ အုပ်စုဖွဲ့လုယက်မှု ရှစ်ကြိမ် ကျူးလွန်ခဲ့ကြောင်းနှင့် ကျူးလွန် ခဲ့မှုများအနေဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း၌ ငွေကျပ် သိန်း ၄၂၀ ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် အင်းစိန်မြို့နယ် သံမဏိစက်ရုံ လမ်း၌ ငွေကျပ်သိန်း ၁၁၀ ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း MCC ခန်းမအနီး၌ ငွေကျပ်သိန်း ၄၇၀ ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မရမ်းကုန်းမြို့နယ် သံသုမာလမ်း ၌ ငွေကျပ် ၅၆၄၆၀၀၀၀ ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် နိုဝင် ဘာ ၁ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ ပေါ်ဆန်းမွှေး လမ်း၌ ငွေကျပ်သိန်း ၇၀၀ ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် မရမ်းကုန်းမြို့နယ် ဥက္ကလာပဂေါက်ကွင်းအနီး ဂန္ဓမာ လမ်း၌ ငွေကျပ်သိန်း ၁၂၀ ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ရက် တွင် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ မြို့သစ် အမှတ်(၄)ရပ်ကွက် စိန်စီ(၂)လမ်း၌ ငွေကျပ်သိန်း ၆၀၀ ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကင်း မြို့နယ် အမှတ်(၁၄)ရပ်ကွက် မင်းရဲကျော်စွာလမ်း၌ ငွေကျပ် ၅၉၈ သိန်း ကို လည်းကောင်း လုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်ဦးနှင့် ကျော်သန်းတို့သည် လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ငွေလဲလှယ်မည့်သူများ ကို လိမ်လည်ချိတ်ဆက်ခေါ်ယူ ပေးခဲ့ပြီး ကျန်တရားခံများက ငွေ လုယူသူများအဖြစ် လည်းကောင်း၊ စောင့်ကြည့်ပေးသူများ အဖြစ် လည်းကောင်း ပြစ်မှုကျူးလွန်ခဲ့ကြ ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများ အမြန် ဆုံး ဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခို ရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံကြောင်း အသိပေးသတင်းထုတ်ထားသည်။
သတင်းစဉ်