ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၈


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်  ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး   အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊  ဆေးဝါးများ       လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်း      မှန်ကန်စွာရရှိစေရေး အတွက်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ်  ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံး ဆေးဝါးများ   လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေး နှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သော ကုမ္ပဏီခုနစ်ခုမှ အိမ်သုံး ဆေးဝါး ၁၀၅ မျိုးကို ရောင်းချပေး  ခဲ့သည်။


အလားတူ  ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့်   အလုံမြို့နယ်   ကမ်းနား လမ်း      လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈)နေရာ၌လည်း ရက်၄၀ မြောက်နေ့အဖြစ် ဆက် လက်   ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း များ ရောင်းချပေးနိုင်ခဲ့သည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏     လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်