ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ ၁၉ 


ရန်ကုန်တိုင်းဒေသကြီးနှင့်   ရှမ်း ပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ် ပြောင်းဆေးဝါးများ   ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။ 


လူငယ်များအား   အန္တရာယ် ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး (Happy  Water)    သယ်ဆောင် ရောင်းဝယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက်   အရှိန် အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် သတင်း အရ အောက်တိုဘာ  ၁၄  ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး   မင်္ဂလာတောင်ညွန့် မြို့နယ် ဖဆပလရပ်ကွက် ဂျိုးဖြူ လမ်းတွင်   ထွန်းမြတ်သူ   (ခ)မောင်စံ အား စိတ်ပြောင်းဆေးဝါး (Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ     ဖမ်းဆီးရမိခဲ့ ကြောင်း၊  မွန်းလွဲ  ၂  နာရီတွင် ဗဟန်းမြို့နယ်  ဦးချစ်မောင်လမ်း တွင်   ရဲရင့်အောင်ကို စိတ်ပြောင်း ဆေးဝါး  (Happy  Water)  ၁၄ ဒသမ ၉၄ ကီလိုကို လည်းကောင်း၊    စောဂျွန်ပေါလ်  (ခ)  ဂျွန်ပေါကို   ရန်ကင်းမြို့နယ် (၆)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်  စိတ်ပြောင်း ဆေးဝါး (Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ နှင့်  ဆက်လက်     ဖမ်းဆီးရမိခဲ့ပြီး    ကွင်းဆက်    ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲတွင် နေလ ဝင်း(ခ) Bank နှင့် ရဲရင့်ဌေးအောင် (ခ) အိုက်ပီးတို့  နှစ်ဦးကို   ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့  ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား   ၅၀၀၀၊   TOYOTA CROWN မော်တော်ယာဉ်တစ်စီး နှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့၍ စုစုပေါင်း   ဒေသကာလ တန်ဖိုး ငွေကျပ်  ၁  ဒသမ   ၃၆ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များဖြစ်သည့်   Happy   Water  ၃၈ ဒသမ  ၈၂  ကီလို၊ အက်တက်စီ ဆေးပြား ၅၀၀၀ နှင့် ကဖင်းဆေး ပြား ၂၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့်    ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး     ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား   ဆက်လက်    စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း      သိရသည်။     


သတင်းစဉ်