ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁
ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊   အိုက်စ်  (မက်သ်အဖက် တမင်း) ၄၈ ကီလိုနှင့်  ကက်တမင်း ၅၀    ကီလို      ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ  ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄  ရက်  မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး     တောင် ဥက္ကလာပမြို့နယ်    (၈)  ရပ်ကွက် ဝေဇယန္တာ         လမ်းမပေါ်တွင် တင့်ဇော်  မောင်းနှင်ပြီး  မိုးနိုင်စိုး (ခ)ရွှေသီးနှင့်  မနဝရတ်ထွန်းတို့ လိုက်ပါလာသည့်  Ford Everest မော်တော်ယာဉ်ကို      သတင်းအရ ရှာဖွေရာ    ယာဉ်ပေါ်မှ    အိုက်စ် (မက်သ်အဖက်တမင်း) ၃၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး  ဖမ်းမိတရားခံ တင့်ဇော်နှင့်         နဝရတ်ထွန်း တို့      နေထိုင်သည့်    ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၉)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ     နေအိမ်မှ အိုက်စ်    (မက်သ်အဖက်တမင်း) ၁၅   ဂရမ်နှင့်    စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀ ကိုလည်းကောင်း၊ တင့်ဇော် ငှားရမ်းထားသည့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်  (၄၂)ရပ်ကွက် သခင်အုန်းဖေကြီးလမ်း ရှိ      ခြံဝင်းအတွင်းရှိ     Toyota Alphard  ယာဉ်နှင့်  Container Box    အတွင်းမှ     စိတ်ကြွရူးသွပ် ဆေးပြား   ၃၈  ဒသမ  ၂  သိန်း၊ ကက်တမင်း ၅၀ ကီလို၊    အိုက်စ် (မက်သ်အဖက်တမင်း)  ၁၀ ကီလို ကို    လည်းကောင်း၊       ထပ်မံ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း       ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊     အိုက်စ် (မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ၅၀  ကီလို သိမ်းဆည်းရမိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်   မွန်းလွဲ  ၁၂ နာရီခွဲတွင် သိမ်းဆည်းရမိ    မူးယစ်ဆေးဝါး များ  သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေယျာ ညွန့် (ခ) ကျော်ဇေယျ(ခ)ကြောင်ပူ အား တာချီလိတ်မြို့   ဆန်ဆိုင်း (က) ရပ်ကွက်  အနောက်မြို့ရှောင် လမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ    မူးယစ်ဆေးဝါး များအား ရှမ်းပြည်နယ်မှ ရန်ကုန် တိုင်းဒေသကြီးသို့ သယ်ဆောင်၍ ခေတ္တသိုလှောင်ထားရှိကာ   ၎င်းမှ တစ်ဆင့်      ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ် ခြင်းဖြစ်ကြောင်း    သိရှိရသဖြင့်  ၎င်းတို့အား  ဥပဒေအရ  အရေးယူ ထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား    ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
သတင်းစဉ်