
နေပြည်တော် ဒီဇင်ဘာ ၂၆
သာစည်မြို့နယ် ကျွဲတပ်ဆုံ ကျေးရွာတွင် ငွေကျပ်သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းများဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင် ဘာ ၂၂ ရက် ည ၁၂ နာရီတွင် သာစည်မြို့နယ် ကလော-သာစည် သွားကားလမ်း ကျွဲတပ်ဆုံ ကျေးရွာ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ကလောမှ သာစည် ဘက်သို့ စောသူရအောင် မောင်းနှင် လာသည့် FUSO ၁၂ဘီး မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ တန်ဖိုးငွေကျပ်သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ ဘိန်း ၃၅၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ ဘိန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်