သာကေတမြို့နယ်တွင် ငွေကျပ် ၁၁၆၈ ဒသမ ၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၄


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် သာကေတမြို့နယ်      အမှတ်(၇)ရပ်ကွက်(အရှေ့)   အောင်သပြေ  ၁၀ လမ်းရှိ    နောင်ရဲကို၏ နေအိမ် သို့  သတင်းအရ  ဝင်ရောက်ရှာဖွေ စဉ် နေအိမ်ရှေ့၌  ပြည့်ဖြိုးအောင် ကို  မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေး ရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိပြီး  ၎င်း နေအိမ်ကို      ဆက်လက်ရှာဖွေရာ နောင်ရဲကိုနှင့်အတူ    ဇင်မောင် မောင်၊     အောင်စည်သူတို့နှင့်အတူ ငွေကျပ်   ၁၁၆၈   ဒသမ  ၂  သိန်း တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၈၃၆၀၀၊ အိုက်စ် သုည ဒသမ ၁၈ ကီလိုတို့ကို   ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။
အလားတူ   ယင်းနေ့   မွန်းလွဲ ၃ နာရီခွဲတွင်     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်        တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်     ရေသန့် စက်ရုံလမ်းကြားတွင်    နေဟာမိ မောင်းနှင်လာသည့်    ဆိုင်ကယ်နှင့်   ကျိုင်းစင်ချိုင်း  (ခ)  အိုက်ကျိုင်း  မောင်းနှင်လာသည့်     ဆိုင်ကယ် နှစ်စီးကို   ရပ်တန့်စစ်ဆေးရှာဖွေ ရာ  အိုက်စ် ၁၀ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေ သော   ဆေးဝါးများဆိုင်ရာ  ဥပဒေ အရ   အရေးယူထားကြောင်း သိရ သည်။                  
   

ရဲပြန်ကြား