မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ပတ်ဝန်းကျင်တွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း အရန်မြို့သစ်များ ပေါ်ပေါက်လာသည့်အနက် လှိုင်သာယာမြို့နယ်လည်း အပါ အဝင် ဖြစ်သည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း စသည့်မြို့နယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် များနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ အလုပ်အကိုင် အခွင့် အလမ်းများစွာ ပေါ်ပေါက်လာခြင်းကြောင့် အနယ်နယ်အရပ်ရပ် မှ ပြောင်းရွှေ့ဝင်ရောက်လာကြရာ မြို့သစ်များတွင် တရားဝင် ရော၊ တရားမဝင်ပါ နေထိုင်ကြသူများ လူဦးရေတိုးတက်များပြား လာသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီးတွင် ဧရာဝတီ တိုင်းဒေသကြီးရှိ မုန်တိုင်းဒဏ်ခံရသည့် မြို့ရွာဒေသများမှ လူဦး ရေအမြောက်အမြား ရွှေ့ပြောင်းခဲ့ကြရာ အလုပ်အကိုင်အခွင့် အလမ်းများစွာရှိသည့် လှိုင်သာယာသို့ အများစု ဝင်ရောက်နေထိုင် ခဲ့ကြသည်။ လှိုင်သာယာကို စတင်တည်ထောင်ခဲ့စဉ်က လှိုင်မြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေခြင်းဖြစ်ပြီး မြစ်ကူး တံတားများဖြင့် ရန်ကုန်ဘက်ခြမ်းသို့ ဆက်သွယ်သွားလာနိုင် သည်။ ရန်ကုန်မြို့တွင်းမှ ကျူးကျော်အိမ်ရာများ၊ သာသနိကမြေ များတွင် ဝင်ရောက်နေထိုင်သူများ စသည်တို့ကို မြို့သစ်များသို့ ပြောင်းရွှေ့နေရာချပေးခဲ့ရာတွင် မြို့ပြတစ်ခုအနေဖြင့် အားနည်း ချက်များစွာ ရှိခဲ့သည်။ ထို့အပြင် ကျူးကျော်ဝင်ရောက်နေထိုင် သူများက လမ်းမကြီးများအထိ စည်းကမ်းမဲ့နေရာယူလာသည့် အခါ မြို့ပြပုံစံပါ ပျက်ယွင်းသွားခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် “၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်း ရှိ တရားမဝင်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေး ခဲ့ပြီး မြို့သာယာလှပရေးနှင့် စနစ်ကျနမှုရှိစေရေးကို အလေးပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာ ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွား ရန်လိုကြောင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူများ မရှိစေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့တို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ သည်။
ထို့အပြင် မြို့ပြနှင့် အိမ်ရာစီမံကိန်းများ စနစ်တကျဆောင်ရွက် ရန်၊ မြို့ပြသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ စီမံကိန်းများ တည်ဆောက်ရာတွင် လယ်ယာစိုက်ပျိုးမြေများ မထိခိုက်ရန်၊ အဆင့်မီဈေးများ၊ Shopping Mall များ စနစ်တကျတည်ဆောက် ရန်၊ မြို့နေလူထု လူနေမှုအဆင့်မြင့်မားရေး ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ပေးရန်၊ ကျောင်းများကောင်းမွန်ရန်၊ ရပ်ကွက်အလိုက် အခြေခံပညာကျောင်းများရှိရန်နှင့် အားကစားကွင်းများ တည်ရှိ ရန် စသည်ဖြင့်မြို့ပြတစ်ခုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံ ကိန်းများရေးဆွဲ၍ ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး၊ အသိပ် သည်းဆုံးဖြစ်ပြီး ဆက်လက်၍လည်း ဝင်ရောက်နေထိုင်လာမှုများ ရှိနေသည်။ ယာဉ်စီးရေကလည်း တိုးပွားလာလျက်ရှိရာ ယာဉ် ကြော ကျပ်တည်းမှု၊ ကားရပ်နားရန်နေရာရှားပါးမှု ပြဿနာများ ကြုံတွေ့နေရသည်။ မိုးရာသီတွင် ရေစီးရေလာပြဿနာများ၊ အမှိုက်စွန့်ပစ်မှုပြဿနာများ၊ စွမ်းအင်နှင့်ရေ/သန့်ရှင်းရေး စသည်တို့ အပါအဝင် နေရာထိုင်ခင်းလိုအပ်ချက်များ စသည်ဖြင့် ကြီးထွားလာနေသည့် မြို့ကြီးနှင့်အတူ မြို့ပြဆိုင်ရာ စိန်ခေါ်မှု များကလည်း လိုက်ပါကြီးထွားလျက်ရှိနေသည်။ ယင်းပြဿနာ များကို ဖြေရှင်းနိုင်ရန်မှာ နိုင်ငံ၏ စီးပွားရေးကောင်းမွန်မှုနှင့် မြို့ပြပြည်သူလူထု၏ စည်းကမ်းရှိမှု၊ တာဝန်ရှိအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကောင်းမွန်မှုနှင့် တာဝန်ကျေပွန်မှုတို့က အဓိကလိုအပ် ချက်များပင်ဖြစ်ရာ ကိုယ်စီတာဝန်ကျေပွန်ကြပါမှ မြို့ပြသာယာ လှပနိုင်မည်ဖြစ်ပါကြောင်း။ ။