သစ်တောဦးစီးဌာနဝန်ထမ်းများ ရန်ပြုတိုက်ခိုက်ခံရမှုနှင့်  ဌာနပိုင် အဆောက်အအုံများ၊ စိုက်ခင်းများ၊ ဖမ်းဆီးသစ်များ၊  ယာဉ်/ယန္တရားများ၊ ပျိုးဥယျာဉ်များ ဖျက်ဆီးခံရ

 

 

နေပြည်တော်   ဇွန်   ၂၉


ယခုနှစ်   ဖေဖော်ဝါရီ  ၁  ရက်မှ  ဇွန် ၁၈   ရက်အထိ  ကာလအတွင်း ကယားပြည်နယ်၊  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း      ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ အတွင်း      မသမာသူများမှ သစ်တောဝန်ထမ်းများကို    ရန်ပြု တိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ်စခန်းများ မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊   ဆက်စပ် ပစ္စည်းများ    လုယက်ယူဆောင် ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ    ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်းဖြစ်စဉ်များ (၂၆)ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက် လုယက်၊  ဖျက်ဆီးမှုများကြောင့် သစ်တောဝန်ထမ်း       သုံးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး   နိုင်ငံပိုင် အဆောက်အအုံ  ကိုးလုံး၊  ပုံစံ(၈)ဝင်  သစ်/ဖမ်းဆီးသစ်  (ကျွန်း/ သစ်မာ/အခြား)  ၄၈၉ တန်ခန့်၊ မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် ၁၈ စီး၊ လက်ကိုင်စက်လွှ  ၁၁ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ ဘက်ထရီ အိုး   ကိုးလုံး၊  အင်ဂျင် ရှစ်လုံး၊ ဆက်စပ်ပစ္စည်း   ၅၀  ၊   ဒိုင်နမို နှစ်လုံး၊ သက်ကြီးစိုက်ခင်းဟောင်း ၁၂   ခုမှ   ကျွန်းပင်   ၉၀၃၉  ပင်၊ ပျိုးဥယျာဉ် နှစ်ခုမှ (ကျွန်း/ မန်ဂျန် ရှား)   ပျိုးပင်ပေါင်း   ၃၀၀၀၀ ၊ ကျေးရွာသုံးထင်း      စိုက်ခင်း  (ယူကလစ်/မဲဇလီ) ဧက ၂၀ တို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေ(၃၄၅, ၁၅၈,၂၀၁)ကျပ်   ဆုံးရှုံးခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။သတင်းစဉ်