သေနတ်ကိုင်ဆောင်ခွင့်စည်းရုံးလှုံ့ဆော်မှုတွေကို ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြော

 

ဝါရှင်တန်    မေ    ၂၅ 


အမေရိကန်      ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ     မူလ တန်းကျောင်း  တစ်ကျောင်းတွင် သေနတ်     ပစ်ခတ်မှုဖြစ်ပြီး နောက်    အမေရိကန်     ပြည် ထောင်စုသည်    သေနတ်ကိုင် ဆောင်ခွင့်  စည်းရုံးလှုံ့ဆော်မှု တွေကို     ရပ်ဆိုင်းသင့်ပြီဖြစ် ကြောင်း    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  မေ  ၂၄  ရက်က ပြောကြားသည်။ 

 


အဆိုပါကိစ္စနှင့် ပတ်သက် ပြီး မိမိပင်ပန်းနေပြီဖြစ်ကြောင်း၊ ဆောင်ရွက်သင့်သည်    များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အိမ်ဖြူတော်    ရုစဗဲ့အခန်းမှ ဘိုင်ဒန်က    ပြောကြားလိုက် သည်။    တက္ကဆက်   သေနတ် ပစ်ခတ်မှုကို    အစုအပြုံလိုက်  သတ်ဖြတ်မှုအဖြစ် အမေရိကန် သမ္မတ  ဂျိုးဘိုင်ဒင်က   ပြော ကြားသည်။ 

 


သေနတ် ထုတ်လုပ်သူများ သည်   ၎င်းတို့အတွက် အကျိုး အမြတ်အများဆုံးရရှိစေခဲ့သည့်  လက်နက်ဈေးကွက်   အတွက် ဆယ်စုနှစ်         နှစ်စုကျော်ခန့်  အားကြိုးမာန်တက်ကြိုးစားခဲ့ကြ ကြောင်း၊ လက်နက်ထုတ်လုပ်မှု တွေကို ရပ်ဆိုင်းဖို့ ခွန်အားသတ္တိ တွေ         ရှိရမည်ဖြစ်ကြောင်း ဘိုင်ဒင်က ဆက်လက်ပြောကြား လိုက်သည်။

 


အမေရိကန်    ပြည်ထောင်စု  တက္ကဆက်ပြည်နယ် ယူဗယ်ဒီမြို့  ရော့ဘ်   မူလတန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု   ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၉ ဦးနှင့် အရွယ် ရောက်သူ      နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ 

 


သံသယရှိသူ အသက် ၁၈ နှစ် ရှိ    ယူဗယ်ဒီ      အထက်တန်း ကျောင်းသား      ဆယ်လ်ဗာဒေါ ရိုလန်ဒို   ရာမို့စ်  ကို   လုံခြုံရေး တာဝန်ရှိသူများက        ပစ်သတ် လိုက်သည်။  အသက် ၁၈ နှစ်သာ ရှိသေးသည့်          ကလေးသည် သေနတ်ရောင်းချသည့်ဆိုင်ထဲသို့သွားပြီး သေနတ် နှစ်လက်ဝယ် ယူခဲ့သည့် စိတ်ကူးသည် မှားယွင်း သော      စိတ်ကူးဖြစ်ကြောင်း ဂျိုးဘိုင်ဒန်က      မှတ်ချက်ပြု ပြောကြားသည်။ 

 


အမေရိကန်     ပြည်ထောင်စု တစ်ဝန်း ယခုနှစ်အတွင်းသေနတ် ပစ်ခတ်မှုပေါင်း   ၂၁၂   ခုထက် မနည်းရှိကြောင်း၊  သေနတ်ကိုင် အကြမ်းဖက်       ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသော အွန်လိုင်း အချက်အလက်များအရ     သိရ သည်။ 


ဆင်ဟွာ